လူ ၂ သိန်းခွဲ ရေဘေးသင့်

October 25, 2020

ကမ္ဘောဒီးယားတွင် ရေကြီးမှုကြောင့် ၃၉ ဦး သေဆုံး၊ လူ ၂ သိန်းခွဲ ရေဘေးသင့်

ကမ္ဘောဒီးယားနိုင်ငံတလွှားမှာ ဒီသီတင်းပတ် အစောပိုင်းက ရုတ်တရက်ရေကြီးလို့ လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။ ရွာသားတွေဟာ သူတို့ အိမ်တွေ အိမ်ဆိုင်တွေထဲ ဒူးလောက်နက်တဲ့ ရေထဲမှာ နေကြရပါတယ်။  အောက်တိုဘာ ၂၃ ရက်ထိ မြစ်ရေက မြင့်တက်ဆဲဖြစ်လို့ လယ်ကွင်းတွေလည်း ရေမြုပ် ကုန်တယ်လို့ ဒေသခံမီဒီယာက ကြေညာပါတယ်။  နိုင်ငံတလွှား လူ ၂ သိန်းခွဲနီးပါး ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးမြေ ဧက ၅ သိန်း ၉ သောင်း ၃ ထောင်ကျော် ရေမြုပ်ခဲ့တာပါ။  ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ဝန်ကြီးချုပ် ဟွန်ဆန်က ဒေသခံအာဏာပိုင်တွေကို အမိန့်ပေး ထားပါတယ်။  အောက်တိုဘာလအစောပိုင်းတည်းက အရှေ့တောင်အာရှနိုင်ငံတွေ တလွှားမှာ ရေကြီးလို့ လူဒါဇင်နဲ့ချီ သေဆုံးပါတယ်။  လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် မိုးကြီးတဲ့ဒဏ်ကို အာဆီယံ ဒေသတခုလုံး ခံစား ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
1 year Ago
Up