လူ ၂၂ ဦး သေဆုံး

A d v e r t i s e m e n t With Us

December 31, 2020

ယီမင်လေဆိပ် တိုက်ခိုက်မှုအတွင်း လူ ၂၂ ဦး သေဆုံး

ယီမင်နိုင်ငံ အေဒင်လေဆိပ်မှာ ဒီဇင်ဘာ ၃၀ ရက်က တိုက်ခိုက်မှု တစ်ခုအတွင်း  ၂၂ ယောက် ထက်မနည်း သေဆုံးပြီး  အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။  အသစ်ဖွဲ့စည်းလိုက်တဲ့ ဆော်ဒီကျောထောက်နောက်ခံပြု အစိုးရအဖွဲ့ကို တင်ဆောင်လာတဲ့ လေယာဉ်ဆိုက်ပြီးနောက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။  လေယာဉ်ဆိုက်ပြီး မကြာခင်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။   လေဆိပ်ခန်းမဆောင်အတွင်း မော်တာကျည် ၃ ခု ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။  လေဆိပ်တိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာတော့ မားရှက်သမ္မတနန်းတော်အနီးမှာ ဒုတိယအကြိမ် ပေါက်ကွဲသံကို ကြားရပါတယ်။  ဒါကြောင့် ဝန်ကြီးချုပ် မန်းအဗ္ဗဒူမာလစ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ ယီမင်ဆိုင်ရာ ဆော်ဒီသံအမတ်ကြီးကို ဘေးလွတ်ရာ ခေါ်သွားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဝန်ကြီးချုပ် အဗ္ဗဒူမာလစ်က အစိုးရအဖွဲ့ဝင်အားလုံး အန္တရာယ်ကင်းတယ်လို့ ပြောဆိုပေမဲ့ ဒီတိုက်ခိုက်မှုဟာ ဆော်ဒီထောက်ခံတဲ့ အစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြ နေပါတယ်။  ဆော်ဒီအစိုးရဟာ အီရန်မဟာမိတ်  ဟူသီအဖွဲ့ကို တိုက်ခိုက်နေတဲ့ သူရဲ့ မဟာမိတ် နှစ်ဖွဲ့ အကြား ညီညွတ်မှု ရရှိဖို့ ရည်မှန်းထားတာပါ။  သမ္မတနန်းတော်ကို ပစ်မှတ်ထားတဲ့ ဟူသီအဖွဲ့ရဲ့ ဖောက်ခွဲရေးပစ္စည်းတပ် ဒရုန်းယာဉ်ကို ပစ်ချခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။  လေဆိပ်တိုက်ခိုက်မှုကို သူတို့ မလုပ်ပါဘူးလို့ ငြင်းဆိုထားတဲ့ ဟူသီအဖွဲ့ကတော့ ဆော်ဒီညွန့်ပေါင်းအဖွဲ့ ပြောဆိုတာကို ချက်ချင်းတုံ့ပြန်တာတာ မရှိဘူးလို့ ရိုက်တာက ဖော်ပြ ပါတယ်။ 
2 months Ago
Up