လူ ၂၀၀ ဆံ့

September 12, 2020

သုဝဏ္ဏ အားကစားကွင်းတွင် လူ ၂၀၀ ဆံ့ Quarantine စင်တာတည်ဆောက်

လူ ၂၀၀ လောက် ထားနိုင်မယ့် ယာယီ Quarantine စင်တာတခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ တည်ဆောက်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားထားပါတယ်။  ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ပိုးတွေ့လူနာတွေများလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး ယာယီ Quarantine စင်တာ ဆောက်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပြီး ၅ ရက်အတွင်း Quarantine စင်တာဖြစ်အောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။  ပထမအဆင့်အနေနဲ့ လူ ၂၀၀ ဆံ့အောင် တည်ဆောက်မှာဖြစ်ပြီး နောက်ထပ် လူ ၄၀၀ လောက် ထပ်ထားနိုင်ဖို့လည်း စီစဉ်မယ်လို့ ဦးဇော်ဇော်က ရေးသားထားတာပါ။  ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်ရေးကိစ္စကိုလည်း တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။  ရန်ကုန်တိုင်းအတွင်းမှာ အသွားအလာကန့်သတ်ထားသူ စုစုပေါင်း ၆၆၀၀ ကျော်ရှိပြီး အတည်ပြုလူနာတွေကိုတော့ ဆေးရုံကြီး ၇ ရုံမှာ ဆေးကုသမှုပေးနေတာပါ။ ရန်ကုန်တိုင်းအတွင်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၀၀ နီးပါး ရှိပါတယ်။
1 year Ago
Up