လူ ၂၀

August 27, 2020

ဘဲလာရုစ်ဆန္ဒပြပွဲအတွင်း လူ ၂၀ ကျော်ဖမ်းခံရ

ဘဲလာရုစ်နိုင်ငံ မင့်စ်ခ်မြို့တော်က လွတ်လပ်ရေးရင်ပြင်မှာ သြဂုတ် ၂၆ ရက်က ရာချီတဲ့ လူတွေ ဆန္ဒပြနေတာကို ရဲက ရှင်းလင်းအပြီး လူအယောက် ၂၀ ထက်မနည်း အဖမ်းခံရတယ်လို့ သိရပါတယ်။ ဘရက်စ်မြို့ထဲမှာလည်း ဖမ်းဆီးမှု တချို့ရှိခဲ့တယ်လို့ ဒေသခံမီဒီယာက ကြေညာပါတယ်။ အရှေ့ဥရောပနိုင်ငံ ဘဲလာရုစ်မှာ လူဦးရေ ၉ သန်းခွဲရှိပြီး သြဂုတ်  ၉ ရက် ရွေးကောက်ပွဲ ပြီးကတည်းက ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေ ထူပြောနေခဲ့တာပါ။  သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာလည်း ၂၆ နှစ်ကြာ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေကို ရင်ဆိုင်နေရတာ သီတင်းပတ် ၂ ပတ်ရှိပါပြီ။  တရားဝင် ရလဒ်အရ သူက မဲ ၈၀ ရာခိုင်နှုန်း အနိုင်ရတယ်လို့ ဆိုပါတယ်။  ရွေးကောက်ပွဲ မသမာမှု ရှိတယ်ဆိုတဲ့ စွဲချက်ကိုလည်း သမ္မတက ငြင်းထားပြီး ဆန္ဒပြပွဲတွေ ကို နိုင်ငံခြားက ရန်ပုံငွေ ထောက်ပံ့နေတာလို့ တန်ပြန် စွပ်စွဲ ခဲ့ပါတယ်။
1 year Ago
Up