(Breaking News)
လူပေါင်း ၁၈၀ လောက် စီးနင်းလိုက်ပါလာတဲ့ ဘိုးအင်း-၇၃၇ အမျိုးအစား ယူကရိန်း ခရီးသည်တင်လေယာဉ်တစီး အီရန်နိုင်ငံပိုင်နက်တွင်းမှာ ပျက်ကျခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဆိုပါလေယာဉ်ဟာ ယူကရိန်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် လေယာဉ်တစီး ဖြစ်ပြီး အီရန်နိုင်ငံ၊ တီဟရန်မြို့၊ အီမာန်ခိုမီနီလေဆိပ်မှ ထွက်ခွာပြီး မကြာခင် ပျက်ကျခဲ့တာလို့ Fars သတင်းအေဂျင်စီက ဆိုပါတယ်။
အစောပိုင်း သတင်းထုတ်ပြန်ချက်တွေမှာတော့ လေယာဉ်ဟာ ယူကရိန်းနိုင်ငံမြို့ တော်ကိယက်ဗ်ကို သွားမယ့် ခရီးလမ်းကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်-အမေရိကန် ထိပ်တိုက်ရင်ဆိုင်တွေ့မယ့် စစ်ရေးတင်းမာမှု ဖြစ်နေချိန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
1 year Ago