အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့မှာ စားသောက်ဆိုင် ရန်ပွဲကနေ ပေါက်ကွဲမှု ဖြစ်ပြီး လူ ၁၆ ယောက် သေဆုံးသွားတယ်လို့ လုံခြုံရေး အရာရှိတွေကပြောပါတယ်။
တိုက်ခိုက်သူဟာ ဆိုင်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမား ဖြစ်တယ်လို့ ဆိုပါတယ်။
မြေအောင် စားသောက်ဆိုင်မှာ နိုက်ကလပ်လည်း ဖွင့်ထားပြီး ထွက်ပေါက် မရှိကြောင့် တချို့ မီးလောင်သေဆုံးသူ၊ တချို့ မီးခိုးမွှန် သေဆုံးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ ပေါက်ကွဲမှု အဖြစ်အပျက်နဲ့ ပတ်သက်လို့ ကနဦး စုံစမ်းမှုတွေအရ အလုပ်သမားတွေနဲ့ တခြား လူတွေ အခြေအတင် စကားများကြရာကနေ ရေနံဆီဗုံးနဲ့ ပစ်ပြီး ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။
7 years Ago