လူ ၁၅ ဦးသေဆုံး

February 12, 2020

ဘင်္ဂလားပင်လယ်အော်တွင် သင်္ဘောမှောက်၊ လူ ၁၅ ဦးသေဆုံးပြီး အချို့ပျောက်ဆုံးနေ

ဘင်္ဂလားပင်လယ်အော်အတွင်း လူ ၁၃၀ လောက် လိုက်ပါလာတဲ့ သင်္ဘောတစီး တိမ်းမှောက်ခဲ့ပြီးနောက် လူ ၁၅ ယောက် သေဆုံးကာ ဒါဇင်ချီ ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားပါတယ်။ အဲဒီသင်္ဘောဟာ ဖေဖော်ဝါရီ ၁၁ ရက်က ကော့ဘဇားမြို့အနီး ဒုက္ခသည်စခန်းတွေကနေ  မလေးရှားကို သွားရောက်တာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။ မှောက်သွားတဲ့ သင်္ဘောကနေ လူ ၇၃ ယောက်ကို ကယ်ဆယ်ထားပြီး သူတို့ထဲမှာ အမျိုးသမီး ၄၆ ယောက်၊ အမျိုးသား ၂၄ ယောက်နဲ့ ကလေးငယ်၃ ယောက်တို့ ပါဝင်ပါတယ်။  အသက်ရှင်သူတွေက အလားတူ ခရီးသည်အရေအတွက်ပါတဲ့ နောက်သင်္ဘောတစီးဟာလည်း  တချိန်တည်း ထွက်ခွာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီအတွက် စိန့်မာတင်ကျွန်းအနီး ပူးပေါင်းရှာဖွေကယ်ဆယ်ရေးမှာ ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောနှစ်စီးနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စီးတို့ ပါဝင်ကူညီနေတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
1 year Ago
Up