လူ ၁၄ ဦး

August 20, 2020

ပရီးမီးယားလိဂ်ကလပ် ၁၂ သင်းက လူ ၁၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ပရီးမီးယားလိဂ်ကလပ် ၁၂ သင်းက လူ ၁၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယား လိဂ်ကလပ်အများစုဟာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြန်လည်စတင်နေကြပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုတွေလည်း လုပ်ဆောင်ခဲ့ကြတာပါ။  ကလပ် ၁၂ သင်းက လူ ၁၄ ဦးမှာတော့ ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့ရတာကြောင့် ရာသီသစ်အတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။  သြစတြီးယားမှာ လေ့ကျင့်နေတဲ့ ချန်ပီယံလီဗာပူးအသင်းက ကစားသမားတဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ရှိတဲ့သူ နောက်ထပ် ၁၃ ဦးကတော့ ဘယ်အသင်းကလဲဆိုတာ မသိရသေးပါဘူး။  ပရီးမီးယား လိဂ်ကလပ်တွေထဲမှာ မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီး၊ ဝုဗ်နဲ့ အာဆင်နယ်အသင်းတွေက လေ့ကျင့်ခန်းပြန်ဆင်းခြင်းမရှိသေးဘဲ အားလပ်ရက်ပေးထားတာပါ။ ဝက်စ်ဘရွန်းနဲ့ ဘန်လေတို့က ကြာသာပတေးနေ့မှာ လေ့ကျင့်ခန်းပြန်စမှာဖြစ်ပြီး အက်စတန်ဗီလာနဲ့ ဖူဟမ်အသင်းတွေကတော့ ပြန်လည်စနိုင်ခြင်းမရှိ သေးပါဘူး။ လီဗာပူးနဲ့အတူ စပါး၊ အဲဗာတန်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်း အစရှိတဲ့ အသင်းတွေ ကတော့ လေ့ကျင့်ခန်းပြန်စနေပြီဖြစ်ပါတယ်။ 
8 months Ago

May 21, 2020

အမ်ဖန် စူပါဆိုက်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

စူပါဆိုင်ကလုန်းအမ်ဖန်ဟာ မေလ ၂၀ ရက်က  အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို  ဝင်ရောက်ခဲ့တာကြောင့်  လူ  ၁၄ ယောက်ထက် မနည်း သေဆုံးပြီး နေအိမ်ထောင်ချီ ပျက်စီးခဲ့တယ်လို့ အယ်ဂျားဇီးယားရုပ်သံက ဖော်ပြပါတယ်။  မုန်တိုင်းကျမယ့် လမ်းကြောင်းမှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကိုလည်း   ဘေးလွတ်ရာ ကြိုတင် ပြောင်းရွှေ့ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘိုလာခရိုင်မှာ   မုန်တိုင်းကြောင့်  အသက် ၇၀ အရွယ် အမျိုးသား တစ်ဦး သစ်ပင်ပိ သေဆုံးခဲ့တယ်လို့  ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အိန္ဒိယနိုင်ငံ  သြရိဿပြည်နယ်နဲ့ အနောက်ဘန်ဂေါပြည်နယ်တွေမှာတော့ နောက်ထပ် လူ ၆ သိန်းခွဲကို ဘေးကင်းရာ ပြောင်းရွှေ့ပေး ထားပါတယ်။ ဆိုင်ကလုန်း အမ်ဖန်ဟာ ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း  တစ်နာရီ  ၁၈၅ ကီလိုမီတာနှုန်းနဲ့ ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာန အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။   မုန်တိုင်းတိုက်နေစဉ် ဆန်ဒါဘန် မြစ်ဝကျွန်းပေါ် အရပ်မှာ  လှိုင်းအမြင့် ၅ မီတာ ဝန်းကျင် ရောက်ခဲ့ပြီး  အဲဒီဒေသမှာ လူ ၄ သန်း နေထိုင်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။  
11 months Ago
Up