လူ ၁၃ ဦးကို ဖမ်းဆီး

October 9, 2020

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးအား ပြန်ပေးဆွဲရန်ကြံစည်မှုဖြင့် လူ ၁၃ ဦးကို ဖမ်းဆီး

အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲဖို့ ကြံစည်တဲ့စွဲချက်တွေနဲ့ လူ ၁၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ အမေရိကန်အစိုးရရှေနေတွေက အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။  သူတို့ထဲက ၇ ယောက်ဟာ Wolverine Watchmen လို့ခေါ်တဲ့ အစိုးရဆန့်ကျင်ရေး  စစ်သွေးကြွအဖွဲ့နဲ့ ပတ်သက်နေပါတယ်။   မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲဖို့၊ ပြည်နယ်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်ဖို့ စတဲ့ စွဲချက်တွေနဲ့ သူတို့ကို ဖမ်းဆီးခဲ့တာပါ။ သူတို့ဟာ ထောက်ခံသူ ၂၀၀ ခန့်ပါဝင်တဲ့ အဖွဲ့တခုကိုဖွဲ့ပြီး ပြည်နယ်လွှတ်တော် အဆောက်အအုံကို ဝင်စီး၊ ဓားစာခံခေါ်ဖို့  ဆွေးနွေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဝှစ်မာကိုသာ ပြန်ပေးဆိုမယ်ဆိုပြီး အစီအစဉ် ပြောင်းခဲ့တယ်လို့ အစိုးရရှေ့နေတွေ က ပြောဆိုပါတယ်။  ဒီမိုကရက်တဦးဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝှစ်မာက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ပတ်သက်လို့ ရီပတ်ဘလီကန်သမ္မတ ထရမ့်နဲ့ လူသိထင်ရှား အတိုက်အခံ ဖြစ်ထားပါတယ်။  သတင်းစာရှင်းလင်းပွဲတခုမှာ ဝှစ်မာက သမ္မတ ထရမ့်ဟာ နိုင်ငံရေး အစွန်းရောက်ဝါဒကို လှုံ့ဆော်တယ်ဆိုပြီး စွပ်စွဲခဲ့ဖူးပါတယ်။  တရားရေးဌာနနဲ့ ရဲတပ်ဖွဲ့ဟာ မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲမယ့် အစီအစဉ်ကို ဖြိုခွင်းခဲ့ပေမယ့် ဝှစ်မာဟာ ကျေးဇူး မတင်တဲ့အပြင် သူ့ကို လူဖြူကြီးစိုးရေးဝါဒီဆိုပြီး ပြောတယ်လို့ သမ္မတ ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။
7 months Ago
Up