လူ ၁၃ ဦး

June 13, 2021

တက္ကဆက် ပစ်ခတ်မှု လူ ၁၃ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊  တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ ဇွန်၁၂ ရက်က ပစ်ခတ်မှုကြောင့် လူ ၁၃ ယောက်ထက် မနည်းဒဏ်ရာရခဲ့ပြီး ပစ်ခတ်သူလို့ သံသယရှိသူကတော့ လွတ်မြောက်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒဏ်ရာရသူ ၂ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ အော်စတင်ရဲဌာန ယာယီအကြီးအကဲက ကြေညာချက် ထုတ်ပြန်ပါတယ်။

အမှတ် ၆ လမ်း ဖျော်ဖြေရေးခရိုင်မှာ မနက် ၁ နာရီခွဲက ပစ်ခတ်မှု ဖြစ်ခဲ့ပြီး သေဆုံးသူတော့ မရှိပါဘူး။ အမေရိကန်နိုင်ငံတဝန်း  ဇွန် ၁၁ ရက်ညက လူအုပ်စုကို  ပစ်ခတ်မှု အတော်များများ ဖြစ်ပွားခဲ့တယ်လို့လည်း ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့ ပစ်ခတ်မှုမှာတော့ လူ ၁ ယောက် သေဆုံးပြီး တခြားလူ ၈ ယောက်ထက် မနည်း ဒဏ်ရာရခဲ့လို့ ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ NBC သတင်းဌာနက ဖော်ပြပါတယ်။

7 months Ago
Up