လူ သန်း ၂၀၀ ကျော် ကြည့်ရှုခဲ့သည့် ဖန်လုံအိမ် Skydiving ချန်ပီယံရှစ်ပြိုင်ပွဲ

February 8, 2017

လူ သန်း ၂၀၀ ကျော် ကြည့်ရှုခဲ့သည့် ဖန်လုံအိမ် Skydiving ချန်ပီယံရှစ်ပြိုင်ပွဲ (ရုပ်သံ)

စပိန်နိုင်ငံမှာကျင်းပတဲ့ ဖန်လုံအိမ် Skydiving ချန်ပီယံရှစ်ပြိုင်ပွဲမှာ စင်ကာပူနိုင်ငံက အသက် ၁၄ နှစ်အရွယ် လူငယ်တဦး တယောက်ချင်း အလှတင်ဆက်မှုမှာ ပါဝင်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားပါတယ်။ ၄ ကြိမ်မြောက် ကျင်းပတဲ့ ဒီပြိုင်ပွဲကို ကမ္ဘာတဝှမ်းက လေထီးခုန်ပညာရှင် အယောက် ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီပွဲရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကိုလည်း ဝင်ရောက်ကြည့်ရှုသူ ၂၁၅ သန်း ရှိခဲ့တယ်လို့ ပွဲကျင်းပရေး တရားဝင်ဝက်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
4 years Ago
Up