လူ့အခွင့်အရေးဆု

A d v e r t i s e m e n t With Us

November 30, 2018

ကဗျာဆရာ မောင်ဆောင်းခ နယ်သာလန်သံရုံးကပေးသည့် လူ့အခွင့်အရေးဆုရရှိ

လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ - အသံအဖွဲ့ရဲ့ အမှုဆောင် ဒေါက်ရိုက်တာ ကဗျာဆရာ မောင်ဆောင်းခကို နယ်သာလန်သံရုံးက Myanmar Human Rights Tulip 2018  ဆုချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်  ထူးချွန်ပြောင်မြောက်တဲ့ တိုက်တွန်းနှိုးဆော်မှုအတွက် ဆုချီးမြှင့်ရတာလို့ နယ်သာလန်သံရုံးက မောင်ဆောင်ခထံ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ နယ်သာလန်အနေနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကို နှစ်စဉ်ဆု ချီးမြှင့်ရာမှာ ဒါဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး လူ့အခွင့်အရေးဆု ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီဆုကိုတော့ လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် ကာကွယ်မြှင့်တင်တဲ့အနေနဲ့ မောင်ဆောင်းခနဲ့ သူတည်ထောင်ထားတဲ့ အသံအဖွဲ့ကို ပေးအပ်ချီးမြှင့်တာလည်းဖြစ်ပါတယ်။ ဒီဆုကို လာမယ့် ဒီဇင်ဘာ ၁၁ ရက် ကျရောက်မယ့် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ဒီဆုကို ရရှိတဲ့အတွက် ၀မ်းသာဂုဏ်ယူကြောင်း ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။ “ဒီဆုရတဲ့အတွက် ကျနော် အများအများကြီးဝမ်းသာပါတယ်။ နောက်တခုကကျတော့ ဒီဆုက ကျနော်တယောက်တည်း မဟုတ်ဘဲနဲ့ ကျနော်အပါအ၀င် အသံအဖွဲ့မှာ လုပ်ကိုင်ဆောင်ရွက်တဲ့ ကျနော့်ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ အဲဒီရလဒ်တွေအပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်တယ်လို့ ကျနော် နားလည်ပါတယ်။” ဆုအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ ရရှိမှာဖြစ်သလို တခြားနိုင်ငံတွေကိုလည်း သင်တန်းတွေ တက်ရောက်ခွင့်ရှိမယ်လို့ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။
2 years Ago

March 9, 2018

ဒေါ်အောင်ဆန်းစုကြည်ကို Holocaust ပြတိုက်က ချီးမြှင့်သည့် လူ့အခွင့်အရေးဆု ပြန်သိမ်း

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ ကမ္ဘာကျော် Holocaust အမှတ်တရပြတိုက်က ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆု ပြန်လည်ရုပ်သိမ်းကြောင်း ပြတိုက်က သတင်းထုတ်ပြန်ပါတယ်။ ၂ဝ၁၂ ခုနှစ်က သူတို့ ချီးမြှင့်ပေးအပ်ထားတဲ့ Elie Wiesel အယ်လီဝီဆဲလ် လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မတ်လ ၇ ရက်က တရားဝင် ကြေညာလိုက်တာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေအပေါ် တပ်မတော်က လူမျိုးတုံး ရှင်းလင်းရေးလုပ်နေတဲ့ ကိစ္စတွေ ရပ်တန့်သွားအောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝေဖန်အရေးယူခဲ့ခြင်း မရှိသလို ကုလသမဂ္ဂ စုံစမ်းသူတွေကိုလည်း လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အခုလို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကို အလွယ်တကူ ချမှတ်ခဲ့တာ မဟုတ်ကြောင်း၊ စစ်တပ်က ဆယ်စုနှစ်များစွာ အဓမ္မစိုးမိုးအုပ်ချုပ်နေတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ် ဆိုတာကိုလည်း မိမိတို့ စာနာနားလည်နိုင်ပါကြောင်း၊ ဒါပေမယ့် မွတ်ဆလင်တွေ ကြုံတွေ့ရတဲ့ ဒုက္ခဆင်းရဲပမာဏက ကြီးမားလွန်းတဲ့အတွက် အရေးယူဖို့ လိုအပ်ကြောင်း၊ ဒီလိုကိစ္စမျိုးမှာ ကြားနေခြင်းဟာ ဖိနှိပ်သူတွေကိုသာ အသာစီးရစေပြီး ဖိနှိပ်ခံ သားကောင်ဖြစ်ရသူတွေကို ဘယ်တော့မှ အကျိုးမပြုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို မတ်လ ၆ ရက်နေ့စွဲနဲ့ ဟိုလိုကော့စ်ပြတိုက်က ပေးပို့လိုက်တဲ့စာမှာ ဖော်ပြထားပါတယ်။
3 years Ago
Up