လူ့သဘောစမ်းသပ်ချင်လို့

September 10, 2017

လူ့သဘောစမ်းသပ်ချင်လို့ ကိုယ်လုံးတီးလမ်းလျှောက်ခဲ့သည့် အမျိုးသမီး ဒဏ်တပ်ခံရ

လူ့စိတ်သဘောစမ်းသပ်ချင်လို့ အများပြည်သူကြား ကိုယ်လုံးတီး လမ်းလျှောက်ခဲ့တဲ့ အီတလီအမျိုးသမီးတဦးကို သက်ဆိုင်ရာက ဒဏ်ကြေး ပေါင် ၃၀၀၀ ပေးဆောင်စေခဲ့တယ်လို့ ဒေးလီးစတားသတင်းမှာ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီအမျိုးသမီးဟာ အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာမြို့ ပန်းခြံထဲမှာ ကိုယ်လုံးတီး အခြေအနေနဲ့ လမ်းလျှောက်သွားနေခဲ့တာဖြစ်ပြီး သူ့နောက်ကနေ အမျိုးသားတွေ လိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသမီးက သူဟာ လူတွေရဲ့ စိတ်သဘောကို စမ်းသပ်ချင်တာကြောင့် ခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမည်မဖော်ပြထားတဲ့ အမျိုးသမီးဟာ လူစည်ကားတဲ့ ပန်းခြံထဲမှာ ဘာအဝတ်အစားမှ မဝတ်ဘဲ လမ်းလျှောက်သွားနေခဲ့ပြီး အမျိုးသားတချို့က သူ့ကို ဓာတ်ပုံရိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ခုလို အများပြည်သူကြား အရှက်ကင်းမဲ့စွာ လမ်းလျှောက်သွားတဲ့ အမျိုးသမီးကို လူထုကြား မဖွယ်မရာပြုလုပ်မှုနဲ့ ဒဏ်တပ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးရဲ့နောက်ကို လိုက်တဲ့ အမျိုးသားတွေထဲက တဦးက သူ့ကို လက်နဲ့ ကိုင်တွယ်ခဲ့ပေမယ့် ဒါကို သူဟာ အရေးတကြီး မတုံ့ပြန်ခဲ့ဘူးလို့ ဆိုပါတယ်။ အမျိုးသမီးက “ဒါက ငါတို့အားလုံး လူကောင်းတွေပါဆိုတာကို ပြတဲ့ လူမှုစမ်းသပ်ချက်တခုပါ။ ရှင်တို့က လူကောင်းတွေမဟုတ်လား” လို့ နောက်ကလိုက်လာတဲ့ အမျိုးသားအုပ်စုကို ပြောလိုက်ပါတယ်။
4 years Ago
Up