လူရုပ်ပုံကို ဆန္ဒပြမီးရှို့ရာမှ အိန္ဒိယ ကျောင်းဆရာတဦး မီးလောင်

December 25, 2016

လူရုပ်ပုံကို ဆန္ဒပြမီးရှို့ရာမှ အိန္ဒိယ ကျောင်းဆရာတဦး မီးလောင်

အိန္ဒိယနိုင်ငံမှ ဥပဒေပြဋ္ဌာန်းသူတွေကို ကျောင်းဆရာတွေက ဒေါသထွက် ဆန့်ကျင်ဆန္ဒပြရာကနေ ရုပ်ပုံတွေကို မီးရှို့ရာမှ ဆန္ဒပြကျောင်းဆရာတဦး မထင်မှတ်ဘဲ မီးစွဲလောင်ခဲ့တယ်လို့ မေရာရဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဘသင်ဒါမြို့မှာ ကျောင်းဆရာတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေအပေါ် မကျေနပ်ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့က ပန်ဂျပ်ပြည်နယ်မှ ပြည်နယ်အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် ရုပ်ပုံတွေကို မီးရှို့စဉ် ဓာတ်ဆီလောင်းခဲ့ချိန်မှာ ကျောင်းဆရာတဦးဖြစ်တဲ့ Sukhminder Singh Mann ကို ဆိုးဆိုးရွားရွာ မီးစွဲခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာကို ဆေးရုံကို အမြန်မပို့ခင်မှာ ရဲတွေက သူ့ရဲ့ကိုယ်ပေါ်ကို ချက်ခြင်း ရေစိုစောင်တွေနဲ့အုပ်ပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။ ဆေးရုံမှာတော့ သူ့ရဲ့အခြေအနေ သက်သာတယ်လို့ သိရပါတယ်။ မီးလောင်ခဲ့တဲ့ ကျောင်းဆရာက သူ့ကိုယ်ကို မီးမလောင်ခင် ဆန္ဒပြရုပ်ပုံတွေပေါ်ကို တက်နင်းပြီး လမ်းလျှောက်ခဲ့ပါတယ်။ သူရဲ့ ခန္ဓာကိုယ် ၃၀ ရာခိုင်နှုန်းကျော်ကျော်လောက် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ အချို့ဆရာသမဂ္ဂရဲ့ အဖွဲ့ဝင်တွေကလည်း မီးလောင်ခဲ့တဲ့ဆရာဟာ မီးရှို့ဆန္ဒပြမယ့် ရုပ်ပုံတွေပေါ်ကို တက်မခုန်ခင် သူ့ကိုယ်ပေါ်ကို ဓာတ်ဆီတွေ လောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ဒီကိစ္စက မရှင်းလင်းဘူးလို့ ပြောကြောင်း the Hindustan Times သတင်းက ဖော်ပြပါတယ်။ ရဲအရာရှိတဦးကတော့ “ဆန္ဒပြချိန်မှာ မီးရှို့ထားတဲ့ ဆန္ဒပြရုပ်ပုံပေါ်ကို တက်ခုန်လို့ မထင်မှတ်ဘဲ ဒီကျောင်းဆရာကို မီးစွဲလောင်ခဲ့တာလို့” ပြောပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အာမခံထားတဲ့ သဘောတူညီချက်တွေပါတဲ့ စာသင်ကြားရေး ဥပဒေတွေကို သတ်မှတ်ပြဋ္ဌာန်းမယ်ဆိုတဲ့ ကတိကဝတ်တွေကို အစိုးရက ချိုးဖေါက်ခဲ့လို့ သမဂ္ဂအဖွဲ့ဝင် ၇၈၀၀ လောက်က ဆန္ဒပြခဲ့ကြတာပါ။
5 years Ago
Up