အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ် ဂျော်ဟတ်မြို့မှာ ခရီးသည် ဒါဇင်ချီကို တင်လာတဲ့ လှေတစီးက တခြားတစီးကို တိုက်နစ်မြုပ်ခဲ့လို့ လူ တစ်ယောက်ထက် မနည်း သေဆုံးပြီး အယောက် ၃၀ ကျော် ပျောက်နေတယ်လို့ မျက်မြင်သက်သေတွေနဲ့ အရာရှိတွေက စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆောတလျင်လုပ်ဖို့ မာဂျူလီနဲ့ ဂျော်ဟတ် အာဏာပိုင်တွေကို ညွှန်ကြားပြီးပြီလို့ အာသံဝန်ကြီးချုပ် ဟီမန်တာ ဘစ်ဝါဆာမာက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ဒေသခံတွေက သူတို့ လှေတွေနဲ့ လာပြီး ကူညီကယ်ဆယ်လို့ လူ ၄၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အယောက် ၃၀ ကျော် ပျောက်နေတယ်လို့ ဂျော်ဟတ်မြို့ ရဲအရာရှိက ပြောပါတယ်။
လှေပေါ်ပါတဲ့လူ အရေအတွက်က အယောက် ၆၀ နဲ့ ၁၂၀ ကြားမှာ ရှိတယ်လို့ ဂျော်ဟတ်ခရိုင် အုပ်ချုပ်ရေးမှူး အာ့ရှုတ် ကူးမား ဗာမန်က ပြောပါတယ်။
အခင်းဖြစ်ရာနေရာက မျက်မြင်သက်သေတွေကတော့ လှေပေါ်မှာ လူအယောက် ၁၀၀ ဝန်းကျင် ပါတယ်လို့ ခန့်မှန်း ပြောကြပါတယ်။