လူဝင်မှုကြီးကြပ်ရေး

February 4, 2018

လူဝင်မှုကြီးကြပ်ရေး ဥပဒေအားနည်းချက်များ အမေရိကန်သမ္မတ ပြစ်တင်

လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်လွှတ်တော်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ ဥပဒေအားနည်းချက်တွေကို ပြစ်တင်ဝေဖန်သွားပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ဗာဂျီးနီးယားပြည်နယ် စတားလင်းမြို့က အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး အမျိုးသားစင်တာမှာ အစိုးရအရာရှိတွေနဲ့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံရာမှာ အဲဒီလိုပြောကြားသွားတာပါ။ “အခုလို လာရောက်တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စက အလွန်ခက်ခဲပါတယ်။ နောက်ပြီး ခင်ဗျားတို့မှာ ကွန်ဂရက်ရဲ့ထောက်ခံမှုလည်း မရ၊ တခြားပါတီတွေရဲ့ ထောက်ခံမှုကလည်း မရဘူးဆိုတော့လေ။ ရီပတ်ဘလီကန်ပါတီကတော့ ၁ ရာခိုင်နှုန်း ခင်ဗျားတို့ကို ထောက်ခံပါတယ်။ ဒီပြဿနာကို ဖြေရှင်းလို့ရချင်ပါတယ်။ ခိုင်မာတောင့်တင်းတဲ့ နယ်စပ်ဖြစ်ချင်တယ်။ ခင်ဗျားတို့ကို အဲဒီလိုလုပ်နိုင်ဖို့ ဥပဒေတွေပြဌာန်ပေးချင်ပါတယ်။ လက်ရှိလုပ်နေတဲ့ ဖမ်းပြီး၊ ပြန်လွှတ်ပေးဆိုတဲ့ အဓိပ္ပာယ်မဲ့လုပ်ရပ်ကို ရပ်တန်းကရပ်ချင်ပါပြီ။ ဒီကို ဝင်လာတဲ့သူတွေလူတွေကို ကြည့်လိုက်ရင် အယ်လ်ဆာဗေဒေါ၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ မက္ကဆီကို ကလူတွေများပါတယ်။ သူတို့ဆီက လူတွေ ဒီကို လှိမ့်ဝင်လာလာကို ကျနော်တို့က ရပ်တန့်အောင်လုပ်နေရတာ။ ဒါပေမယ့် ဥပဒေတွေက တော်တော်ခက်ခဲလွန်းပါတယ်။ တကယ်လို့ မှန်ကန်တဲ့ ဥပဒေတွေကိုသာ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ရင် ခင်ဗျားတို့ လုပ်ရကိုင်ရတာလည်း တစ်ရာရာခိုင်နှုန်း လွယ်ကူသွားမှာပါ။”
3 years Ago
Up