နယူးဇီလန်နိုင်ငံ ဆိပ်ကမ်းတခုမှာ အမျိုးသားတဦးဟာ လူမြင်ကွင်းမှာ တိုင်ပတ်အက ကပြ သရုပ်ပြနေချိန် ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ ရေထဲကို ပြုတ်ကျခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ နယူးဇီလန်နိုင်ငံမြို့တော် ၀ယ်လင်တန်ဆိပ်ကမ်းတခုမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အဆိုပါအမျိုးသားဟာ ငါးဖမ်းသမားတွေ ၀တ်လေ့ရှိတဲ့ ဘောင်းဘီကို ၀တ်ဆင်ထားခဲ့ပြီး ခေါင်းမှာတော့ ရှုပ်ထွေးတဲ့ ခေါင်းစည်းတခုကို ပတ်ထားခဲ့တာပါ။
သူဟာ ဆိပ်ကမ်း ရေစပ်အနီး ဘေးတန်းမှာ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေရှေ့မှာ တိုင်ပတ်အက ကပြခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ရဲ့အစမှာ အမျိုးသမီးတဦးက “အဲဒီလို ပြန်ကပြပါဦး” လို့ အော်ပြောလိုက်တာကို ကြားရပါတယ်။
သူဟာ တန်းပေါ်ကို ကွေ့ဝိုက်တက်ပြပြီး ခွလိုက်ကာ တန်းပေါ်မှာ ပက်လက်လှန် လဲလျောင်းခဲ့တာပါ။
အဲဒီနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို တပတ်လှည့်ပြီး တန်းအနောက်ဘက်ဆီ နောက်တပတ်ပြန်လှည့်ဖို့ ကြိုးစားလိုက်ချိန်မှာတော့ အရှိန်မထိန်းနိုင်တော့ဘဲ ရေထဲကို ထိုးကျသွားခဲ့တာ တွေ့ရပါတယ်။
အဲဒီအဖြစ်အပျက်အဆုံးမှာတော့ အမျိုးသမီးတဦးရဲ့ ခွက်ထိုးခွက်လှန် ရယ်မောလိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။
4 years Ago