လူဖြူဆယ်ကျော်သက်

A d v e r t i s e m e n t With Us

October 28, 2015

လူဖြူဆယ်ကျော်သက်ကို ရဲတပ်ဖွဲ့ဝင် ပစ်သတ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနားမှာ ကားပေါ်ထိုင်နေတဲ့ လူဖြူ  ဆယ်ကျော်သက်တဦးကို ပစ်သတ်တဲ့ လူဖြူရဲအရာရှိတဦး ရာဇ၀တ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ စွဲဆိုခံရမှာ မဟုတ်ပါဘူး။ အချက်အလက်တွေကို သေချာစစ်ဆေးပြီးတဲ့နောက် ရာဇ၀တ်မှုနဲ့ စွဲဆိုခြင်းမပြုဖို့ ဆုံးဖြတ်လိုက်တာလို့ တရားရုံးရှေ့နေက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရားလို ရှေ့နေက ကန့်ကွက်ပြီး ရဲအရာရှိက အလျှင်အမြန် လွတ်မယ့်လမ်းကို ရွေးသွားတာလို့ ပြောပါတယ်။ ဇူလိုင် ၂၆ ရက် ဆန်နီဇာမြို့က စားသောက်ဆိုင် အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြောင့် အသက် ၁၉ နှစ်အရွယ် ဇာချရီဟမ်မောက် သေဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် မတ်တေလာက ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားစီယာတိုင်ပေါ်က လက်ကိုမြှောက်ဖို့ ရဲတပ်ဖွဲ့ဝင်က ပြောဆိုစဉ်မှာ မူးယစ်ဆေးသုံးထားတဲ့ ဟမ်မောက်က ကားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ဖို့ ကြိုးစားလို့ ပစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရောဂါဗေဒပညာရှင် အဆိုအရ ဟမ်မောက်ဟာ ပုခုံးနဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာ ထိမှန်ခဲ့တာလို့ ပြောပါတယ်။ ရင်ဘတ်က ဒဏ်ရာက နှလုံးနဲ့ အဆုတ်ကို ထိခိုက်ပြီး သေဆုံးသွားတာလို့ မူခင်းဆေးစစ်ချက်တွေက ဆိုပါတယ်။ ဒီဖြစ်ရပ်ကို ဖက်ဒရယ်ထောက်လှမ်းရေး ဗြူရိုနဲ့ တရားရေးတို့က စုံစမ်း စစ်ဆေးနေပါတယ်။
5 years Ago
Up