လူးဝစ်ဆွာရက်

June 2, 2015

ဘာစီတိုက်စစ်မှူး ဆွာရက်နှင့် ပြန်တွေ့ရန် အသင့်ဖြစ်နေပြီဟု ဂျူဗီနောက်ခံလူ ချီလီနီပြော

ဂျူဗင်တပ်အသင်းနဲ့ အီတလီနောက်ခံလူ ဂျော်ဂျီယာ ချီလီနီက တိုက်စစ်မှူး လူးဝစ် ဆွာရက်နဲ့ ပြန်လည်ဆုံတွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အီတလီနဲ့ ဥရုဂွေးတို့ ကစားတဲ့ အုပ်စုပွဲစဉ်မှာ တိုက်စစ်မှူး ဆွာရက်က နောက်ခံလူ ချီလီနီ ပခုံးကို ကိုက်တဲ့လုပ်ရပ်ကြောင့် ဖီဖာရဲ့အရေးယူတာကို ခံခဲ့ရပါတယ်။ လာမယ့် ဇွန် ၆ ရက်မှာ ချီလီနီရဲ့ ဂျုဗင်တပ်အသင်းနဲ့ ဆွာရက်ရဲ့ ဘာစီလိုနာအသင်းတို့ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဆင်နွှဲရမှာဖြစ်ပြီး သူတို့နှစ်ယောက် ကမ္ဘာ့ဖလား နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဆုံတွေ့ကြတာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ် နောက်ခံလူ ချီလီနီကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားက အဖြစ်အပျက်တွေကို မေ့ထားလိုက်ပြီး အခုတကြိမ် ပြန်ဆုံတဲ့အခါမှာလည်း တခြားကစားသမားတွေလိုပဲ ဘောလုံးကိုပဲ အဓိက အာရုံစိုက် ကစားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
6 years Ago
Up