မန်ယူအသင်းကို ကိုင်တွယ်စဉ်က စိတ်ကြိုက် ကစားသမားတဦးမှ ဝယ်ယူခွင့်မရခဲ့ဘူးလို့ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်က ဝေဖန်လိုက်ပါတယ်။
ဟော်လန်နည်းပြကြီး ဗန်ဟားလ်ဟာ မန်ယူအသင်းမှာ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ၂ ရာသီကြာ ကိုင်တွယ်ခဲ့တာပါ။
ပထမရာသီမှာ ကစားသမား ၆ ဦး၊ ဒုတိယရာသီမှာ ကစားသမား ၇ ဦး ဝယ်ယူခဲ့ပြီး စုစုပေါင်း ပေါင် ၂၇၆ ဒသမ ၄ သန်း ငွေကြေး အသုံးပြုခဲ့တာပါ။
ဖယ်ကာအို၊ မန်ဖစ်ဒီပေး၊ ဒီမာရီယာတို့လို ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် အသင်းမှာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
အသင်းက ဝယ်ယူပေးခဲ့တဲ့ ကစားသမားတွေထဲမှာ အသက် ၃၀ ကျော်တဲ့ကစားသမား ၁၀ ဦးနဲ့ ၃၀ ကျော်ကစားသမား ၅ ဦးအထိ ပါဝင်ခဲ့ပြီး ချန်ပီယံဖြစ်နိုင်တဲ့ အရည်အသွေးရှိ ကစားသမားတွေ မဟုတ်ခဲ့ဘူးလို့ ဗန်ဟားလ်က ပြောပါတယ်။
ငယ်ရွယ်ပြီး ခြေစွမ်းခြေစရှိတဲ့ ကစားသမားတွေကို ခေါ်ယူပြီး မန်ယူအသင်းကို သွေးသစ်လောင်းချင်ခဲ့ပေမယ့် ခေါ်ယူပေးခဲ့တဲ့သူတွေထဲမှာ အဲဒီလိုကစားသမား မပါဘူးလို့ ဗန်ဟားလ်က ဝေဖန်ခဲ့ပါတယ်။
ဗန်ဟားလ်ဟာ မန်ယူနဲ့ ၂ ရာသီကြာကာလအတွင်းမှာ အက်ဖ်အေဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။
9 months Ago