လူးဝစ်ကမ်ပို့စ်

October 14, 2021

မိုနာကိုနှင့် လိုင်လီ အားကစားဒါရိုက်တာဟောင်းကို ခေါ်ယူရန် နယူးကာဆယ်ကြိုးပမ်း

နယူးကာဆယ်အသင်းဟာ ပြင်သစ်ကလပ်တွေဖြစ်တဲ့ မိုနာကိုနဲ့ လိုင်လီ အားကစားဒါရိုက်တာ ဟောင်းဖြစ်သူ လူးဝစ်ကမ်ပို့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ 

ပိုင်ရှင်သစ်ရောက်ရှိလာပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ နယူးကာဆယ်အသင်းဟာ အသင်းအားကစားဒါရိုက်တာ ရာထူးအတွက်လည်း အပြောင်းအလဲလုပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

လူးဝစ်ကမ်ပို့စ်ဟာ မိုနာကိုနဲ့ လိုင်လီအသင်းတွေမှာ ကစာသမားကောင်းတွေ မွေးထုတ်နိုင်ခဲ့သလို ပြန်လည်ရောင်းချမှုကနေလည်း ကလပ်အသင်းကို အမြတ်ငွေများစွာရှာဖွေပေးခဲ့ပါတယ်။ ဒါ့အပြင် အသင်းကိုလည်း အောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် နယူးကာဆယ်အသင်းကခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

အားကစားဒါရိုက်တာ ကမ်ပို့စ်ဟာ မနှစ်က ရာသီအထိ လိုင်လီအသင်းမှာတာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာပါ။ သူ့ကိုခေါ်ယူဖို့အတွက် မန်ယူနိုက်တက်၊ တော့တမ်ဟမ် ဟော့စပါးနဲ့ အာဆင်နယ်အသင်းတွေကလည်း စိတ်ဝင်စားခဲ့ဖူးပါတယ်။ 

2 weeks Ago
Up