လူးဝစ်ကမ်ပို

December 20, 2020

မန်ယူအားကစားဒါရိုက်တာ လျာထားစာရင်းတွင် မိုနာကိုနှင့် လိုင်လီဒါရိုက်တာဟောင်း ပါဝင်လာ

မန်ယူ အားကစားဒါရိုက်တာရာထူးအတွက် လျာထားစာရင်းမှာ မိုနာကိုနဲ့ လိုင်လီ ဒါရိုက်တာဟောင်း လူးဝစ်ကမ်ပိုလည်း ပါဝင်လာပါတယ်။ ပေါ်တူဂီနိုင်ငံသား ကမ်ပိုဟာ အမ်ဘာပေ၊ မာစီယယ်တို့ရဲ့ အပြောင်းအရွှေ့တွေမှာ အသင်းကို အကျိုးအမြတ်များစွာရရှိအောင် စီမံနိုင်ခဲ့သလို လိုင်လီအသင်းမှာတုန်းကလည်း နီကိုလပ်ပေပေကို အာဆင်နယ်အသင်းဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချနိုင်ခဲ့သူပါ။  လိုင်လီနဲ့ မိုနာကိုအသင်းတွေမှာ အလုပ်လုပ်ခဲ့တဲ့ ၇ နှစ်တာကာလအတွင်းမှာ လူးဝစ်ကမ်ပိုရဲ့ ငွေကြေးရှာဖွေနိုင်မှုက ယူရို ၁ ဒသမ ၅ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့်လည်း မန်ယူဘုတ်အဖွဲ့က စိတ်ဝင်စားနေတာဖြစ်ပြီး မကြာခင် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ဖို့ ရှိပါတယ်။ မန်ယူအသင်းက ခန့်အပ်ဖို့ လျာထားတဲ့ ဒါရိုက်တာ ၅ ဦးအထိရှိနေပြီး အဲဒီအထိမှာ မိုနာကို အားကစားဒါရိုက်တာ မစ်ချယ်နဲ့ အေဂျက်ဇ်အသင်းမှာ တာဝန်ယူနေတဲ့ အာဆင်နယ် ကစားသမားဟောင်း အိုဗားမားစ်တို့လည်း ပါဝင်ပါတယ်။ 
4 months Ago
Up