လူးဝစ်အင်းနရစ်

July 10, 2018

စပိန်လက်ရွေးစင်နည်းပြအဖြစ် လူးဝစ်အင်းနရစ်ကို ခန့်အပ်

စပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာနဲ့ ရိုးမားအသင်း နည်းပြဟောင်း လူးဝစ် အင်းနရစ်ကို စပိန်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြ အင်းနရစ်ကို စပိန်အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြ ဟီဟဲရာရဲ့နေရာမှာ အစားထိုး ခန့်အပ်လိုက်တာပါ။ နည်းပြ အင်းနရစ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတာပါ။ သူဟာ ကစားသမားဘဝတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ အင်းနရစ်ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်တဲ့ ၂၀၁၄ ကနေ ၂၀၁၇ ကာလတွေအတွင်း စပိန်လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃ ကြိမ် ရခဲ့ပါတယ်။
5 years Ago
Up