လူးကပ်စ်မော်ရာ

January 30, 2018

ပီအက်စ်ဂျီတိုက်စစ်မှူး လူးကပ်စ်မော်ရာကို စပါး ခေါ်ယူရန် သဘောတူညီမှုရ

စပါးအသင်းဟာ ပီအက်စ်ဂျီအသင်းက ဘရာဇီးတိုက်စစ်မှူး လူးကပ်စ်မော်ရာကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ အသက် ၂၅ နှစ်ရှိ လူးကပ်စ်မော်ရာဟာ ပီအက်စ်ဂျီအသင်းမှာ နေရာရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး စပါးအသင်းက ပေါင် ၂၂ သန်းနဲ့ခေါ်ယူဖို့ အဆင်ပြေသွားတာပါ။ သူ့ရဲ့လုပ်ခလစာနဲ့ အပြီးသတ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အပြောင်းအရွှေ့ပိတ်သိမ်းမယ့် ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်မှာ စာချုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လူးကပ်စ်မော်ရာဟာ ၂၀၁၂ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဆာအိုပေါ်လို အသင်းကနေ အဲဒီတုန်းက လူငယ်ကစားသမားတွေအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၈ သန်းနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်း ၂၂၈ ပွဲမှာ ၄၅ ဂိုးအထိ သွင်းယူခဲ့ပေမယ့်  ဒီနှစ်ဘောလုံးရာသီမှာတော့ ၆ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။ စပါးအသင်းက ခေါ်ယူဖို့ သဘောတူညီထားတဲ့ မော်ရာဟာ ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း ၃၆ ပွဲ ကစားထားပါတယ်။
4 years Ago
Up