လူ့အရိုးခေါင်းမျှော်စင်

December 12, 2020

အက်ဇ်တက်အင်ပါယာခေတ် လူ့အရိုးခေါင်းမျှော်စင် အပိုင်းသစ် တူးဖော်တွေ့ရှိ

အက်ဇ်တက်အင်ပါယာခေတ်က နာမည်ကျော် လူ့အရိုးခေါင်းမျှော်စင်ရဲ့ အပိုင်းသစ်ကို ရှေးဟောင်းသုတေသီတွေ တူးဖော်တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ရှေးဟောင်းသုတေသီအဖွဲ့ဟာ မျှော်စင်မျက်နှာစာနဲ့ ရှေ့ပိုင်းကို တူးဖော်ခဲ့ပြီး ပထမ တွေ့ရှိထားတဲ့ လူ့အရိုးခေါင်း ရာချီအပြင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်  ၁၁၉ ယောက်တို့ရဲ့ လူ့အရိုးခေါင်းတွေကို တွေ့ရှိခဲ့တယ်လို့ အမျိုးသားမနုဿဗေဒနဲ့ သမိုင်းဌာန (INAH) က ပြောပါတယ်။  အချင်း ၅ မီတာနီးပါး ရှိတဲ့ အဲဒီမျှော်စင်ကို လွန်ခဲ့တဲ့ ၅ နှစ်က ပထမဆုံး တွေ့ခဲ့တာပါ။  မျှော်စင်တည်ဆောက်ရေး အဆင့် ၃ ဆင့်ဟာ ၁၄၈၆ နဲ့ ၁၅၀၂ နှစ်ကြား ဖြစ်တယ်လို့ ရှေးဟောင်းသုတေသီတွေက ဖော်ထုတ်ခဲ့ပါတယ်။  လူငယ်စစ်သည်တွေရဲ့ အရိုးခေါင်းတွေကို ရှာတွေ့မယ်လို့ မျှော်လင့်ထားတဲ့ ရှေးဟောင်းသုတေသီတွေအဖို့ ဒီမျှော်စင်တွေ့ရှိမှုဟာ  အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အခုလို အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အရိုးခေါင်းတွေကို တွေ့ရှိရတဲ့အချက်ကြောင့် အက်ဇ်တက်အင်ပါယာမှာ လူတွေကို ယစ်ဇ်ပူဇော်တာ ရှိခဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်စေပါတယ်။
4 months Ago
Up