လူ့အခွင့်အရေးဥပဒေ

December 3, 2019

အမေရိကန် လူ့အခွင့်အရေးဥပဒေကို ဟောင်ကောင်ခေါင်းဆောင် ကန့်ကွက်

အမေရိကန်အစိုးရရဲ့ ဟောင်ကောင် လူ့အခွင့်အရေးဥပဒေကို  ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က ဒီဇင်ဘာလ ၃ ရက်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောကြားလိုက်ပါတယ်။ ဟောင်ကောင်ရဲ့ အခြေခံဥပဒေဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်‌ရှောက်တယ်၊ ဟောင်ကောင်မှာ လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ စုဝေးဆန္ဒပြခွင့်နဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေရှိပြီး ကဏ္ဍအတော်များများမှာ လွတ်လပ်ခွင့်အတော်အတန် ရရှိတယ်လို့   ကယ်ရီလမ်က ပြောကြားပါတယ်။ ဒါကြောင့် ဟောင်ကောင်အရေးကိစ္စမှာ နိုင်ငံရပ်ခြားက လွှတ်တော်နဲ့  နိုင်ငံရပ်ခြားအစိုးရက ဝင်စွက်ဖက်နေပြီး ဒါဟာ စိတ်မကောင်းစရာအကောင်းဆုံး ဖြစ်တယ်လို့လည်း   သတင်းစာ ရှင်းလင်းပွဲမှာ ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က ပြောပါတယ်။
2 years Ago
Up