လူ့အခွင့်အရေးအကြီးအကဲ

A d v e r t i s e m e n t With Us

April 28, 2020

COVID-19 စည်းမျဉ်းကန့်သတ်ချက်များကို အလွဲသုံးစား မလုပ်ရန် ကုလလူ့အခွင့်အရေးအကြီးအကဲ သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ရာမှာ စည်းမျဉ်းကန့်သတ်ချက်တွေကို အလွဲသုံးစား မလုပ်ကြဖို့ နိုင်ငံတွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိက ဧပြီ ၂၇ ရက်မှာ ဆော်သြလိုက်ပါတယ်။ ရဲတွေအနေနဲ့ စစ်ဆေးတာနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်တာတွေ လုပ်ဆောင်ရာမှာ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့၊ လူအုပ်ကို ထိန်းချုပ်ဖို့နဲ့ အာဏာသက်တမ်းတိုးရေး လက်နက်တွေအဖြစ် အသုံးမချသင့်ဘူးလို့ ကုလလူ့အခွင့်အရေး အကြီးအကဲ မစ်ချဲဘာချေးလက်က ပြောလိုက်တာပါ။ ကန့်သတ်ချက်တွေဟာ လိုအပ်ချက်အရ၊ လိုအပ်မှု အချိုးအစားအရ၊ လုပ်တာမျိုး ဖြစ်ဖို့လိုတယ်။ ခွဲခြားဖိနှိပ်မှုမပါတာနဲ့ အချိန်ကာလ ကန့်သတ်ချက် ပါတာမျိုး ဖြစ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။ အမေရိကန်လို နိုင်ငံတွေမှာ အသွားအလာ ကန့်သတ်ချက်တချို့ဟာ ဆန္ဒပြသူတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကန့်သတ်ထားတဲ့စည်းမျဉ်းတွေ လျှော့ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အကျပ်အတည်းကာလအတွင်း တကယ့်ကို လိုအပ်မှသာ ရဲတွေ အင်အားသုံးသင့်တယ်လို့လည်း ဘာချေးလက်က ပြောပါတယ်။ တကယ်လို့ တရားဥပဒေစိုးမိုးရေးကို မကိုင်စွဲရင် ပြည်သူ့ကျန်းမာရေး အရေးပေါ်ဘေးအန္တရာယ်ဟာ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေး ဖြစ်သွားလိမ့်မယ်။ အဖျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကြောင့် ကူးစက်ကပ်ဘေး ပိုကြာသွားလိမ့်မယ်လို့လည်း သူက သတိပေးပါတယ်။
10 months Ago
Up