လူသေအလောင်း ၇ လောင်း

May 12, 2018

သေနတ်ဒဏ်ရာများဖြင့် လူသေအလောင်း ၇ လောင်း သြစတြေးလျ ရဲတပ်ဖွဲ့ တွေ့ရှိ

သြစတြေးလျ ရဲတပ်ဖွဲ့ဟာ လူသေအလောင်း ၇ လောင်းကို မာဂရက်ရေးဗားမြို့နားက ရွာတရွာမှာ မေ ၁၁ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ ကလေးအလောင်း ၄ လောင်းနဲ့ အရွယ်ရောက်ပြီးသူအလောင်း ၃ လောင်းကို သြစတြေးလျ အနောက်တောင်ဘက်စွန်း၊ မာဂရက်ရေးဗားမြို့နားက အော်စ်မင်တန် (Osmington) ရွာ မှာ တွေ့ခဲ့တာလို့ အနောက်သြစတြေးလျရဲမင်းကြီး ခရစ် ဒေါ်ဆင်က ပြောပါတယ်။ အလောင်းတွေဘေးမှာ သေနတ်တွေ တွေ့ထားသလို အလောင်းတွေမှာ သေနတ်ဒဏ်ရာတွေလည်း တွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။ ဒီဖြစ်ရပ်ဟာ လူသတ်ပြီး သေကြောင်းကြံစည်မှုဖြစ်နိုင်တယ်ဆိုတဲ့ သတင်းဖော်ပြမှုတွေ ရှိနေပေမယ့် ရဲတပ်ဖွဲ့ကတော့ အတည်မပြုထားပါဘူး။
3 years Ago
Up