လူသေအလောင်း တွေ့ရှိ

March 12, 2017

ကျောက်မဲတွင် လူသေအလောင်း တွေ့ရှိ

ရှမ်း(မြောက်) ကျောက်မဲမြို့ (၂) ရက်ကွက် နယ်မြေ (၁၀) မှာ မတ်လ ၁၀ ရက်နေ့ မနက် ၆ နာရီခွဲမှာ  အပုတ်နံ့ထွက်နေတဲ့ လူသေအလောင်းတလောင်း တွေ့ရှိခဲ့ပါတယ်။ “သူက မူးယစ်ဆေးသားကောင်ဖြစ်နေတယ်။ သူ့မိသားစုတွေ ကူညီခဲ့ပေမယ့် အဖတ်ဆယ် မရလို့ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ကွဲသွားတာ။ အဲဒါကို သူ့ဆွေမျိုးတွေဆီ သူစားဖို့ လိုက်လံတောင်းစားပြီးတော့ သူတို့မူးယစ်ဆေးသမား အချင်းချင်း ပေါင်းပြီးနေကြတယ်။ အခုသူသေတဲ့ အိမ်က သူများအမွေရထားတဲ့အိမ် ဘယ်သူမှ မငှားဘဲ ပစ်ထားတာ။ သူလည်း အဲမှာဆေးသုံးရင်းနဲ့ သေသွားတာထင်တယ်။ အပုတ်နံ့ ထွက်မှပဲ သိတာ။” လို့ သေဆုံးသူရဲ့ အစ်ကိုဖြစ်သူ ကိုဇော်လေးက ပြောပါတယ်။ “သူ့မှာ မိန်းမနဲ့ ကလေး ၂ ယောက်ရှိတယ်။ မိန်းမကတော့ တရုတ်ပြည်မှာ အလုပ်သွားလုပ်နေ တယ်။ ကလေး တယောက်က ကျောင်းတက်နေတယ်။ တယောက်က ငယ်သေးလို့ မထားသေးဘူး” လို့ ဆက်ပြောပါတယ်။ အမှုကို သေခင်းအမှုနဲ့ ဖွင့်ထားပြီိးတော့ ဆေးစစ်ချက်ယူပြီးတော့ မနေ့က သဂြိုဟ်လိုက်တယ်။ မူးယစ်ဆေးဝါးတွေကိုလည်း ရဲဘက်ကနေပြီးတော့ ဆက်လက်ဖမ်းဆီးနေပါတယ်လို့ ဒုရဲအုပ် ဇင်မင်းထွန်းက ပြောပါတယ်။ “မူးယစ်ဆေးဝါးတွေက တဖြည်းဖြည်းများလာတယ်လို့ ကြားနေရတယ်။ မူးယစ်ဆေးဝါး သုံးစွဲလာပြီဆိုရင် မိသားစုတွေအားလုံး စိတ်ဆင်းရဲရတယ်။ အဲမူးယစ်ဆေးဝါးတွေ တဖြည်းဖြည်း ထပ်များလာမယ်ဆိုရင် အင်မတန်စိုးရိမ်စရာ ဖြဖြစ်လာပါတယ်။” နိုင်နိုင်
4 years Ago

February 5, 2017

နမ့်စန်မြို့တွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် လူသေအလောင်း တွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ် ၄ ကျေးရွာ၊ ပဲစင်းငုံခင်းအနီး ခြုံထဲမှာ လူတဦး ဒဏ်ရာတွေနဲ့ ပုတ်ပွ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ နမ့်စန်စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက် မနေ့က စခန်းကို ဖုန်းဆက်လာပြီး ပဲစေ့ငုံခြံအနီ လူတဦး သေဆုံးနေကြောင်း သတင်းရလို့ သွားရောက်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အလောင်းကို နမ့်စန်ပြည်သူ့ဆေးရုံ ပေးပို့စစ်ဆေးရာ သေဆုံးသူရဲ့ ကျောဘက်နံရိုးကြားထဲမှာ ချွန်ထက်သောအရာနဲ့ ထိုးသွင်းဒဏ်ရာ ၁ လက်မလောက်တွေ့ရှိပြီး အဆုတ်ဝဲဘက် အခြမ်းကွဲလျှက် သေဆုံးခဲ့ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူဟာ နမ့်စန်မြို့အမှတ် ၄ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုသန်းဇော်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တာလို့ မိခင်ဖြစ်သူ ဒေါ်လှလေးစိန်က ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းလောက်က ရဲတွေက နေအိမ်အထိလာပြောပြမှ သားငယ်ဖြစ်သူ သေဆုံးတာကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။ ကိုသန်းဇော်ကို သတ်သွားတဲ့ တရာခံအား အမြန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ဖို့ ဒုရဲအုပ် မျိုးမင်းမင်းဦးက တရာလိုပြုလုပ်ပြိး နမ့်စန်မြိုမ ရဲစခန်းမှာ (ပ)၁၁/၂၀၁၇၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။
4 years Ago
Up