လူသေမှု

May 2, 2017

ဒိုက်ဦးမြို့နယ် ရထားသံလမ်းတွင် လူ ၁ ဦးသေဆုံး

  ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အောင်ဘာလေကျေးရွာ ကောလိယ ရထားသံလမ်းတံတား ၁၁၁ မှာ မေလ ၁ ရက်နေ့က လူတ ၁ ဦးသေဆုံးတယ်လို့ ဒိုက်ဦးမြို့မရဲစခန်းက သိရပါတယ်။ သေဆုံးသူမှာ ဒိုက်ဦးမြို့နယ် ဖအောင်းဝဲကျေးရွာနေ မျိုးဇော်ထွန်း ဆိုသူဖြစ်ပြီး ရထားသံလမ်းရဲ့ ယာဘက်ဘီးအကွာအဝေး ၉ လက်မနဲ့ ဇလီ ဖားတုံး အကွာအဝေး အလျား ၁၅ လက်မ ကြားမှာ ဦးခေါင်း မှေးတင်ပြီး ခန္ဓာကိုယ်မှာ ရထားသံ လမ်းအောက် တွဲလောင်းကျသေဆုံးနေတာကို ရဲတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ “မန္တလေး-ရန်ကုန် စာပို့ရထား အစုန် ၂ ဖြတ်မောင်းချိန်မှာ ညည်းတွားအော်ဟစ်သံ ကြားရတဲ့အတွက် သွားကြည့်ရာ လူ ၁ ဦးလူလှိမ့်နေတာကို တွေ့ရကြောင်းနဲ့ တခြားသူတွေကို သွားခေါ်နေတုန်း နောက်ထက် အဆန် ၈၀၅ ဆီတင်ရထား နောက်တစီး ဖြတ်သွားခဲ့သေးတယ်” လို့ အလောင်းကို မြင်တွေ့ခဲ့တဲ့ မစန်းဝင်းက ပြောပါတယ်။ သေဆုံးသူမှာ ဆွံ့အ နားမကြား ပိုလီယိုရောဂါသည်တဦးဖြစ်ပြီး နေအိမ်မှမကြာခဏ ထွက်သွားတတ်တယ်လို့လည်း သိရပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
4 years Ago

March 15, 2017

ကြော်ငြာဆိုင်းဘုတ် မီးလုံးတက်လဲရာမှ ဓာတ်ကြိုးပေါ် ပြုတ်ကျသေဆုံး

  မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးထောင့်က ကြော်ငြာဆိုင်းဘုတ်ကို မီးလုံးတက်လဲတဲ့ အလုပ်သမား တယောက် မတ်လ ၁၅ ရက်၊ မနက် ၁၀ နာရီလောက်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။ “ဓာတ်ကြိုးပေါ်ကို ပြုတ်ကျတယ်။ ပြီးတော့ မင်္ဂလာဈေးဝင်းထဲကို ကျသွားတယ်။ ခေါင်းလည်းကွဲ၊ ဓာတ်လိုက်တဲ့ဒဏ်ရာလည်း ရသွားတယ်။ အဲဒီနေရာမှာပဲ သေသွားတယ်” လို့ ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ သူနဲ့အတူ ပါလာပြီး အောက်ကနေ အလုပ်လုပ်တဲ့ အလုပ်သမားနှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်လို့ အခင်းဖြစ်နေရာကလူတွေက ဆိုပါတယ်။ ကနဦးသိရတဲ့ သတင်းအရ သေဆုံးသူဟာ ဒဂုံဆိပ်ကမ်းမြို့နယ်က ဦးသောင်းထွန်းဖြစ်ပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ရဲနောင်သိန်း
5 years Ago
Up