လူနေအိမ်များပျက်စီး

May 8, 2017

ပခုက္ကူမြို့နယ်​​တွင် လေပြင်းတိုက် လူနေအိမ်များပျက်စီး

ပခုက္ကူမြို့နယ်ထဲမှာ မေလ ၇ ရက်ညနေပိုင်းက  မိုးသည်းထန်စွာရွာသွန်း၊ မိုးသီးကြွေ၊ လေပြင်းတိုက်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ လျှပ်စစ်ဓာတ်တိုင်တချို့ပြိုလဲပျက်စီးခဲ့ပါတယ်။ ပခုက္ကူမြို့နယ်ချောင်းဂွကျေးရွာမှာ ပျက်စီးမှုအဆိုးဆုံးဖြစ်ပြီး အိမ်ခြေ ၁၀၀ကျော်လောက်ရှိတဲ့ အနက် ၇၀ ကျော်ပျက်စီးခဲ့ပြီး လေပြင်းတွေကြောင့် လူနေထိုင်လို့ လုံးဝမရတော့တဲ့နေအိမ် ၃၀ လောက် ရှိခဲ့ပါတယ်။
4 years Ago

May 6, 2017

ကသာခရိုင်တွင် လေပြင်းတိုက်၍ စေတီ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များပျက်စီး

စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းမှာ  မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် စေတီတော် ၆ ဆူ၊ ဘုန်းတော်ကြီး ကျောင်း ၅ ကျောင်းနဲ့ လူနေအိမ် ၁၀၀ ကျော် အမိုးတွေ ပျက်စီးခဲ့တယ်လို့  ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။ အင်းတော်မြို့နယ်မှာ မေ ၅ ရက်ညနေ ၅ နာရီလောက်က လေပြင်းတိုက်ခတ်မှုကြောင့် နန့်ဆင်ကျွန်းတောမှာ ဇရပ် ၁ ဆောင်၊ အောင်ချမ်းသာ စေတီတော်ရဲ့ မုခ်ဦးစေတီ ၃ ဆူ၊ အရံစေတီ ၁ ဆူ၊ လယ်ပြင်အုပ်စုမှာ စေတီ ၁ ဆူ ထီးတော်မြေခ ပျက်စီးပြီး လူနေအိမ် ၇၂ လုံး၊ ဆရာမနေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်းတို့ ပျက်စီးသွားခဲ့ပါတယ်။ တချိန်တည်းမှာလိုပဲ ဗန်းမောက်မြို့နယ်မှာလည်း  လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၁၉ လုံး၊ ဘုန်းတောကြီးကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ ကျောင်း၊ ဇရပ်နဲ့ဓမ္မာရုံ ၂ ခု၊ စာကြည့်တိုက် ၁ လုံး၊ စေတီ ၁ ဆူ ထိခိုက်ပျက်စီးသွားပါတယ်။ ကောလင်းမြို့နယ်မှာလည်း မနေ့ညနေက လေပြင်းတိုက်ပြီး လူနေအိမ် ၁၁ လုံး၊ ဆိုလာ ၁ ချပ်၊ နွေစပါး စိုက်ခင်းဧက ၄၀၊ စပါးကျီ ၁ ဆောင်နဲ့ ဘုန်းကြီး ကျောင်း ၁ ကျောင်း အမိုးသွပ်ချပ်တွေ ပျက်စီးသွားပါတယ်။ ဝန်းသိုမြို့နယ်မှာတော့ လူနေအိမ်(၃)လုံး  သွပ်ချပ်(၉၇)ချပ်ပျက်စီးသွားသလို ပင်လည်ဘူးမြို့နယ်မှာ လူနေအိမ် ၃ လုံးပျက်သွားတယ်လို့  ကသာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။ ကိုကိုလင်း(အင်းတော်)
4 years Ago
Up