လူဦးရေ ၃ ထောင် ပါဝင်

February 25, 2018

ဆစ်ဒနီ နဂါးလှေပြိုင်ပွဲ လူဦးရေ ၃ ထောင် ပါဝင်

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဒါလင်ဆိပ်ကမ်းမှာ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နဂါးလှေပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ကော့ကယ်ပင်လယ်အော်တလျှောက် ကြည့်ရှုသူ ပရိသတ်တွေ လာရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ၃ ထောင်ကျော် ဝင်ပြိုင်တယ်လို့ သိရပါတယ်။ နဂါးလှေလှော် ပြိုင်ပွဲက တရုတ်ပြည်တောင်ပိုင်း မြစ်တွေမှာ မိုးများများ ရွာဖို့ အားပေးတဲ့ ပွဲတော်အနေနဲ့ အစပြုခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ နဂါးလှေလှော်ပြိုင်ပွဲတွေက ရေပေါ် အားကစားနည်းတမျိုးအဖြစ် ပြောင်းလဲတိုးတက်ပါဝင်လာပြီလို့ စီဂျီတီအန်သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up