လူအများအပြားပျောက်ဆုံ

November 5, 2020

ဂင်္ဂါမြစ်အတွင်း ကူးတို့လှေမှောက်၊ လူအများအပြားပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် ဂင်္ဂါမြစ်ထဲမှာ နိုဝင်ဘာ ၅ ရက်က  လူ အယောက် ၅၀ ကျော် တင်ဆောင်လာတဲ့ ကူးတို့လှေ တစ်စီးတိမ်းမှောက်ခဲ့ပြီး အများအပြား ပျောက်ဆုံးနေ ပါတယ်။  ၉ ယောက်ကို ကယ်ဆယ်ထားပြီး တစ်ယောက် သေဆုံးတယ်လို့ ဘာဂါပူရ်ခရိုင် တာဝန်ရှိသူ က ANI သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။  ကယ်ဆယ်ရေး ဆက်လုပ်နေပြီး သေဆုံးသူ အရေအတွက် အတိအကျကို မသိရ သေးဘူးလို့လည်း အဲဒီအရာရှိက ဆိုပါတယ်။    လှေပေါ်မှာ မော်တော်ဆိုင်ကယ်နဲ့ နွားတွေ တင်ထားပြီး  မြစ်ကမ်းအနီးမှာ တိမ်းမှောက်ခဲ့ တယ်လို့ မျက်မြင်တွေက ပြောပါတယ်။  ဘီဟာပြည်နယ်မှာ မတော်တဆလှေမှောက်တာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။  အဲဒီပြည်နယ်မှာ လူတွေဟာ  ခရီးသည်တွေ ပြည့်ကျပ်ပြီး  ပြုပြင်ထိန်းသိမ်းမှု နည်းပါးတဲ့ လှေတွေနဲ့ အသက်စွန့် ခရီးသွားလာနေရတယ်လို့ ရိုက်တာက ရေးသားပါတယ်။
1 year Ago
Up