အမေရိကန်နိုင်ငံ၊ ဝီလ်ကွန်ဆင်ပြည်နယ်၊ မီလ်ဝေါကီးမြို့ ရှော့ပင်းမောလ်တခုအတွင်း နိုဝင်ဘာ ၂၀ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။
မေစီကုန်တိုက်အပြင်ဘက်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ဆယ်ကျော်သက် ၁ ယောက်အပါအဝင် လူ ၈ ယောက်ကို ဆေးရုံပို့ခဲ့ရပြီး ဒဏ်ရာအခြေအနေကို မသိရသေးပါဘူး။
အရေးပေါ်ဝန်ထမ်းတွေ ရောက်လာချိန်မှာ သံသယရှိသူ သေနတ်သမားက ထွက်ပြေးသွားခဲ့ပြီး အခုထိ လွတ်မြောက်နေပါတယ်။
သေနတ်သမားဟာ အသက် ၂၀၊ ၃၀ အရွယ် လူဖြူ တစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago