မန်ယူအသင်းဟာ လူတွေရဲ့ လေးစားမှုနဲ့ ထိုက်တန်တဲ့အသင်းဖြစ်တဲ့တယ်လို့ မန်စီးတီးကို အနိုင်ရတဲ့ပွဲအပြီးမှာ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ မန်စီးတီးနဲ့ ဒါဘီပွဲစဉ်မှာ ၂ ဂိုး ရှုံးနိမ့်နေရာကနေ ၃ ဂိုးဆက်သွင်းပြီး နိုင်ပွဲရယူနိုင်ခဲ့တာပါ။
လူတွေရဲ့အမြင်မှာ မိမိတို့အသင်းကို လေးစားမူနည်းနေပြီး မန်ယူအသင်းဟာ အခုထက် ပိုမိုများပြားတဲ့ လေးစားမူတွေနဲ့ ထိုက်တန်တဲ့အသင်းဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။
ဒါ့အပြင် မိမိနဲ့ အသင်းကကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာလည်း လူတွေထင်တာထက်ပိုတဲ့ လေးစားမူနဲ့ ထိုက်တန်တယ်လို့လည်း မော်ရင်ဟိုက ဆက်ပြောပါတယ်။
မန်ယူအသင်းနဲ့ နည်းပြမော်ရင်ဟိုတို့ဟာ အသင်းရဲ့ ကစားပုံ၊ ရလဒ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မူတွေ ရှိနေတာဖြစ်ပါတယ်။
3 years Ago