ဗြိတိန်နိုင်ငံ လန်ဒန်မြို့နားက အအေးခန်းပါ ကုန်ကား နောက်ပိုင်းထဲမှာ ပြီးခဲ့တဲ့ နှစ်က အလောင်းတွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး အမျိုးသား ၂ ယောက်မှာ အပြစ်ရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်မှာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံသား အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၃၉ ယောက် အစုလိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ ဗီယက်နမ်နဲ့ ဗြိတိန်နိုင်ငံတို့ကို ထိတ်လန့်စေခဲ့ပြီး အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့က ဆင်းရဲသူတွေအား အနောက်ဥရောပနိုင်ငံတွေဆီ တရားမဝင် လူကုန်ကူးမှုကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် လော်ရီကားမောင်းသူ အီယာမွန် ဟာရစ်ဆင် နဲ့ အသက် ၄၃ နှစ်အရွယ် ဂရော်ဂရီ နီကာတို့ဟာ လူသတ်မှု ၃၉ မှုနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်တာကို ကူညီရေး ပူးပေါင်းပါဝင်မှု ၁ မှုတို့နဲ့ အပြစ်ရှိကြောင်း စီရင်ခံရပါတယ်။
တခြားလူ ၂ ယောက်ကတော့ လူသေမှုမှာ ပါတဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပြီးပါပြီ။
အသက် ၁၅ နှစ်ကနေ ၄၄ နှစ်ကြား သေဆုံးသူ အများစုဟာ ဗီယက်နမ် မြောက် အလယ်ပိုင်း ငီးအန်းနဲ့ ဟာ့ထင်ပြည်နယ်တွေက ဆင်းရဲတဲ့ အလုပ်အကိုင်ရှာသူတွေလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago