လူအင်အားထောင်ချီအသုံးပြုခဲ့သည့် ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေ မြစ်ရေချပွဲ

May 30, 2016

လူအင်အားထောင်ချီအသုံးပြုခဲ့သည့် ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေ မြစ်ရေချပွဲ (ရုပ်သံ)

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း၊ ဂွီကျိုးခရိုင်၊ ရှီဘင်းမြို့မှာ ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေကြီး မြစ်ရေချတဲ့ အခမ်းအနားကို မေလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အရှည် ၇၇ ဒသမ ၈ မီတာရှိတဲ့ ဒီလှေကြီးကို မတင်ဖို့ အားကောင်းမောင်းသန် အမျိုးသား ၁၆၀၀ ဦး လိုအပ်ပါတယ်။ ဒီလှေဟာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်ဖို့ ရည်ရွယ်တာဖြစ်ပြီး အခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ကျင်းပမယ့် နဂါးလှေပွဲတော်မှာ ပါဝင်ပြသသွားမယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်းနဲ့ လာရောက်ကြည့်ရှုအားပေးကြသူတွေဟာ ထောင်သောင်းချီ ရှိခဲ့ကြတာပါ။ အဲဒီလှေကြီးကို သယ်ဆောင်ကြသူ အမျိုးသားတွေဟာ မြစ်ဆီမရောက်မီစပ်ကြား ကုန်းမြေပေါ် အကွာအဝေး ၁ ကီလိုမီတာလောက်ကို လမ်းလျှောက်သယ်မသွားခဲ့ကြတာကို ပရိသတ်တွေ ကြည့်ရှုအားပေးခဲ့ကြပါတယ်။
6 years Ago
Up