လူသောင်းချီ ဆန္ဒပြ

October 19, 2019

လက်ဘနွန် အစိုးရနုတ်ထွက်ပေးရန် နိုင်ငံတဝန်း လူသောင်းချီ ဆန္ဒပြ

လက်ဘနွန်နိုင်ငံတဝန်း ဒုတိယမြောက်နေ့အဖြစ် အောက်တိုဘာလ ၁၈ ရက်နေ့က   ဆန္ဒပြသူ သောင်းနဲ့ချီဟာ လမ်းတွေပိတ်ဆို့ပြီး ကားတာယာတွေ မီးရှို့ ဆန္ဒပြခဲ့ပါတယ်။    အစိုးရဟာ နိုင်ငံစီးပွားရေး ကျဆင်းအောင် လုပ်နေတယ်လို့ စွပ်စွဲပြီး အစိုးရပြုတ်ကျရေး တောင်းဆိုနေတာပါ။  နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့ လမ်းပေါ်မှာလည်း  အုတ်ခဲတွေနဲ့ အရာဝတ္ထုတွေ ပြန့်ကျဲနေပြီး သေနတ်သံတွေကိုလည်း ကြားနေရတယ်လို့ သိရပါတယ်။ ဒီပဋိပက္ခဟာ  လွှတ်တော်အမတ်ဟောင်း တယောက်က ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ ကြိုးပမ်းရာကနေ ဖြစ်လာတာပါ။   သူ လာရောက်ပူးပေါင်းတာကို ဆန္ဒပြသူတွေ လက်မခံရာကနေ အမတ်ဟောင်းရဲ့ အစောင့်တွေက လေထဲ သေနတ်ပစ်ဖောက်ခဲ့ပါတယ်။  လက်ဘနွန်အစိုးရနဲ့ သမ္မတ ပြုတ်ကျတာကို  မြင်တွေ့ချင်တာမို့ ဆန္ဒပြပွဲမှာ ပါဝင်ရတာလို့ ဆန္ဒပြသူတယောက်က  ပြောပါတယ်။  ၂၀၁၁ အာရပ် နွေဦးလှုပ်ရှားမှုက စလို့  ဆယ်စုနှစ်အတွင်း လက်ဘနွန်မှာ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်ခဲ့ပြီး သမ္မတ ၄ ယောက် ပြုတ်ကျခဲ့ပါတယ်။  အခုဆန္ဒပြပွဲမှာ လူတန်းစားပေါင်းစုံ ပါဝင်ပြီး သူတို့က ဝန်ကြီးချုပ် ဆာအက် အယ်ဟာရီရီရဲ့ အစိုးရ နုတ်ထွက်ရေး တောင်းဆိုခဲ့ပါတယ်။
2 years Ago
Up