တရုတ်အခြေစိုက်ဆေးကုမ္ပဏီ ဆိုင်နိုဗက်နဲ့ ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံပိုင် ဘိုင်အိုဖားမား ဆေးဝါးလုပ်ငန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လူသားစမ်းသပ်မှုတွေကို လုပ်ဆောင်သွားဖို့ သြဂုတ် ၆ ရက်က ပြင်ဆင်နေပါတယ်။
ဘန်ဒေါင်းအခြေစိုက်တက္ကသိုလ်က သုတေသီတွေ ဦးဆောင်ပြီး ကာကွယ်ဆေး လူသားစမ်းသပ်မှုကို သြဂုတ် ၁၁ ရက်မှာ စတင်လုပ်ဆောင်မှာဖြစ်ပြီး လူသားကို စမ်းသပ် ထိုးနှံပေးမှုမှာ အသက် ၁၈ နှစ်ကနေ ၅၉ နှစ် အကြား စေတနာ့ဝန်ထမ်း ၁,၆၀၀ ခန့် ပါဝင်တယ်လို့ အနောက်ဂျာဗားအစိုးရ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
အင်ဒိုနီးရှားမှာ ဒီလိုကာကွယ်ဆေး လူသားနဲ့ စမ်းသပ်မှုဟာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ဆက်တိုက်မြင့်တက်နေတာနဲ့ သွားတိုက်ဆိုင်နေပါတယ်။
သြဂုတ် ၄ ရက်အထိ အင်ဒိုနီးရှားမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁၇,၀၀၀ ဦး နဲ့ သေဆုံးသူ ၅,၄၀၀ ကျော်ရှိနေပြီး အရှေ့အာရှမှာ သေဆုံးသူ အများဆုံးဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပေါင်း ၁၀၀ ကျော်ကို စမ်းသပ် ထုတ်ဖော်နေပြီး အဲဒီထဲက တစ်ဒါဇင်ခန့်ဟာ လူသားတွေနဲ့ စမ်းသပ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
3 years Ago