၁၉၇၀ နဲ့ ၁၉၈၀ ဝန်းကျင်ကာလတွေမှာ လူသတ်၊ အဓမ္မပြုကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့ ကယ်လီဖိုးနီးယား လူသတ်သမားကို သြဂုတ် ၂၁ ရက်မှာ ထောင်ဒဏ်တစ်သက်တကျွန်းချ မှတ်လိုက်ပါတယ်။
တရားရုံးအတွင်း အသက် ၇၄ နှစ်အရွယ် တရားခံ ဂျိုးဇက်ဂျိမ်းစ်ဒီအန်ဂျယ်လိုက သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို တောင်းပန်ပါတယ်လို့ ကြေကြေကွဲကွဲ ပြောဆိုခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဗိုင်းရပ်စ်ပျံ့နှံ့နိုင်တာမို့ ဆက်ခရာမန်တို ပြည်နယ်တက္ကသိုလ် ကပွဲရုံမှာ ယာယီတရားရုံးလုပ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
၂ နာရီနီးပါးကြာတဲ့ ပြစ်ဒဏ်ချမှတ်မှုအတွင်း တရားခံ ဒီအန်ဂျယ်လိုက တည်တည်ငြိမ်ငြိမ်ရှိခဲ့ပြီး သူ့ကို စကားပြောခွင့် ပေးရာမှာတော့ မိသားစုဝင်တွေနဲ့ သူ့ကြောင့် ထိခိုက်နစ်နာရသူတိုင်းကို တကယ်တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်။
ဒီအန်ဂျယ်လိုဟာ ကယ်လီဖိုးနီးယားပြည်နယ်က ရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး ၁၉၇၅ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အတွင်း လူသတ်မှု ၁၃ ခု၊ အဓမ္မပြုကျင်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှု ၁၃ ခု ကျူးလွန်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ဝန်ခံခဲ့ပါတယ်။
ဒီအန်ဂျယ်လိုဟာ သေဒဏ်ကနေ ကင်းလွတ်ခွင့်ရဖို့ အစိုးရရှေ့နေတွေဆီမှာ မေတ္တာရပ်ခံ သဘောတူညီချက်ယူပြီး ပြစ်မှုတွေကို ဝန်ခံထွက်ဆိုခဲ့တယ်လို့လည်း ရိုက်တာသတင်းအရ သိရ ပါတယ်။
8 months Ago