လူသတ်မှု ၂၉

A d v e r t i s e m e n t With Us

April 27, 2020

အယ်လ်ဆာဗေဒို အကျဉ်းထောင်တွင် တနေ့တည်း လူသတ်မှု ၂၉ မှု ဖြစ်ပွား

အယ်လ်ဆာဗေဒိုနိုင်ငံအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန် လူချင်းခွာနေခိုင်းရမယ့် မူဝါဒကို လျစ်လျူရှုပြီး ပြိုင်ဘက်ရာဇဝတ်ဂိုဏ်းဝင် ထောင်သားတွေကို အတူတူနေဖို့ ဖိအားပေးခဲ့ပါတယ်။  တဂိုဏ်းထဲက ဂိုဏ်းသား အချင်းချင်းကြား ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက်ဖို့ ခုလိုလုပ်ခဲ့တာပါ။  ဧပြီ ၂၄ ရက် တရက်တည်းမှာတင် လူသတ်မှု ၂၄မှု ရှိတယ်လို့ ကြေညာအပြီးမှာ သမ္မတ နာယစ်ဘ်ဘူခေလေက ဂိုဏ်းသားတွေကို ထားတဲ့ ထောင်တွေကို ၂၄နာရီ အသွားအလာ ကန့်သတ်ဖို့ အမိန့် ထုတ်ခဲ့ပါတယ်။  ဧပြီ ၂၆ မွန်းလွဲပိုင်းမှာတော့ နောက်ထပ် လူသတ်မှု ၂၉ မှု စာရင်းသွင်းခဲ့လို့ သမ္မတက ဂိုဏ်းဝင်ထောင်သားတွေကို ပိုတင်းကြပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ထိန်းချုပ်ရာမှာ ကူညီဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အလုပ်များနေချိန်မှာ ရာဇဝတ်ဂိုဏ်းတွေက အခွင့်အရေး ယူခဲ့ကြတာလို့လည်း သမ္မတက ပြောပါတယ်။  ထောင်သားတွေကို အချုပ်ခန်းတွေထဲကနေ ထောင်မကြီးဆီ ဘယ်လိုရွှေ့ပြီး အတူနေခိုင်း တယ်ဆိုတာကို ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုလည်း အယ်လ်ဆာဗေဒိုအစိုးရက ပြသခဲ့ ပါတယ်။  အယ်လ်ဆာဗေဒိုနိုင်ငံမှာ ဂိုဏ်းသား ၁၂၈၆၂ ယောက်ကို ထောင်ချထားတယ်လို့ ထောင် အာဏာပိုင်တွေက ပြောပါတယ်။  အယ်လ်ဆာဗေဒိုနိုင်ငံဟာ အမေရိက တိုက်မှာ လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။ 
10 months Ago
Up