လူသတ်ဝရမ်းပြေး အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းကို ဖမ်းမိ

June 21, 2015

အမေရိကန်တွင် လူမျိုးရေးခွဲခြားမှု ဖြေရှင်းရန် အိုဘားမားတိုက်တွန်း

အမေရိကန်တွင် လူမျိုးရေးခွဲခြားမှု ဖြေရှင်းရန် အိုဘားမားတိုက်တွန်း အမေရိကန် ပြည်ထောင်စုမှာ လူမျိုးရေးအစွဲဟာ ရောဂါတခုလို ဖြစ်နေတာကို ဖြေရှင်းဖို့ လိုတယ်လို့ သမ္မတ အိုးဘားမားက မြို့တော်ဝန်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။ ဆန်ဖရန် စစ္စကိုမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ သမ္မတ အိုးဘားမားက အခုနောက်ဆုံး တောင်ကာရိုလိုင်းနားမှာ ဖြစ်သွားတဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မိသားစုတွေကို စာနာတဲ့အကြောင်း ပြောရုံနဲ့လည်း မလုံလောက်ဘူးလို့ ပြောပါတယ်။ဒီပြဿ နာရဲ့ ဇစ်မြစ်ကို ကိုင်တွယ် ဖြေရှင်းရမယ်လို့ ပြောပါတယ်။ “သေနတ်သမား လှုံ့ဆော်တဲ့ မြင်သာတဲ့အရာကိုကြည့်ရင် ကျနော်တို့ အားလုံးကို သတိပေးနေတာ ရှိပါတယ်။ ကျနော်တို့ဆီမှာ လူမျိုးရေးကိစ္စဟာ ရောဂါတခုလို ရှိနေတယ်။ ဒါကို အတူတကွ တိုက်ဖျက်ကြရမယ်။ အချိန်ကာလတခု အခြေအနေတရပ်ဟာ တိုင်းပြည်တပြည်ဟာ ပြန်သုံးသပ်ရမယ်။ စာနာပါတယ်လို့ ပြောနေရုံနဲ့ မလုံလောက်ပါဘူး” လို့ အိုဘားမားက ပြောပါတယ်။ လက်နက် ထိန်းချုပ်ရေးအစီအစဉ်တွေကိုလည်း တိုးမြှင့်ဖို့ လိုတယ်လို့ အိုဘားမားက ထောက်ပြပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထောက်ပြပြီး လက်နက်ထိန်းချုပ်ရေး အစီအစဉ်တွေကို လက်ဦးမှုရှိရှိ လုပ်ခဲ့ရင် နယူးတောင်းက မူလတန်းကျောင်းမှာ ကလေးတွေ အစုလိုက်အပြုံလိုက် သေရတဲ့ အဖြစ်အပျက်မျိုးကို တားဆီးနိုင်မယ်လို့ ပြောပါတယ်။ ဒါကြောင့် လက်နက်ထိန်းချုပ်ရေးအတွက် ဥပဒေပြုရေးကိစ္စကို လက်လျှော့မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ “ဒီကိစ္စဟာ လူ့အဖွဲ့အစည်း စုစည်းမှုကို ဖျက်စီးစေတယ်။ ငွေကုန်တယ်၊ အရင်းအမြစ်တွေ ပြုန်းတီးတယ်။ ဒီတိုင်းပြည်အတွက် အများကြီး ထိခိုက်စေတယ်” လို့ အိုဘားမားက ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စကို အရေးကြီး ကိစ္စတခုလို သဘောထားပြီး လူထုအမြင်သဘောထားတွေကို ကောက်ယူဖို့ လိုအပ်ေ်နတယ်လို့ သမ္မတ အိုဘားမားက ဆော်သြလိုက်ပါတယ်။
6 years Ago

June 10, 2015

နယူးယောက် ထောင်ပြေး ၂ ဦးကိစ္စ အကျဉ်းဦးစီးဝန်ထမ်းများကို စစ်ဆေး

ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်က လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်ကနေ အကျဉ်းသား ၂ ဦး ထောင်ဖောက် လွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး အကျဉ်းထောင်ဝန်ထမ်းတွေကို ဇွန် ၉ ရက်နေ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပါတယ်။ ၂ ဦးလုံးဟာ လူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့သူတွေဖြစ်ပြီး တခြားလူတယောက်ယောက်ရဲ့ အကူအညီမပါဘဲ သူတို့ထောင်ကနေ ဖောက်မပြေးနိုင်ဘူးလို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဇွန် ၈ ရက်နေ့ ရုပ်သံတခုမှာ ပြောဆိုပါတယ်။ အကျဉ်းထောင်ပြုပြင်ထိန်းသိမ်းရေး ၀န်ထမ်းတွေနဲ့ ထောင်ဆောက်လုပ်ရေးဝန်ထမ်း အယောက် ၁၀၀ ကျော်ဟာ ဒီအကျဉ်းသား ၂ ဦးကို လုပ်ငန်းသုံးစက်ပစ္စည်းတွေ ပေးခဲ့ခြင်းရှိမရှိ၊ စစ်ဆေးမေးမြန်းခံနေရပါတယ်။ ထောင်ပြေး ၂ ယောက်မှာ တဦးက လူသတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း၊ နောက်တဦးကတော့ ထောင်ဒဏ် ၂၅ နှစ် ကျခံနေကြတာပါ။ ထောင်ခန်းရဲ့ အနောက်နံရံကို ဖောက်ပြီး မြေအောက်ပိုက်လိုင်းတွေ၊ လိုဏ်ခေါင်းတွေကို အဆင့်ဆင့်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ထောင်ဟာ ကနေဒါနယ်စပ်နဲ့ မိုင် ၂၀ ပဲ ကွာဝေးပါတယ်။ ဇွန် ၈ ရက်နေ့ကတော့ ထောင်ပြေးတဦးနဲ့ နီးစပ်တဲ့ ထောင်ဝန်ထမ်းအမျိုးသမီးတဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး အလုပ် ဖြုတ်လိုက်ပါတယ်။ ဒီကလင်တန်အကျဉ်းထောင်သက်တမ်းဟာ နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်လို့ ထောင်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေလည်း မကြာခဏလုပ်နေရကြောင်း၊ အဲ့ဒီကနေပဲ ထောင်ဖောက်ပြေးဖို့ စက်ကိရိယာပစ္စည်းတွေ ရရှိတာဖြစ်နိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ထောင်ပြေး ၂ ဦးကို ဖမ်းဆီးနိုင်ရေး သတင်းပေးနိုင်သူကိုလည်း အမေရိကန်ဒေါ်လာ ၁ သိန်းပေးဖို့ ပြည်နယ်အစိုးရက ဆုငွေထုတ်ထားပါတယ်။
6 years Ago

အမေရိကန်တွင် ဇနီးနှင့် ကလေး ၃ ဦးကို ပစ်သတ်ပြီး မိမိကိုယ်ကို သတ်သေ

အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်မှာ ဖခင်တယောက်က ဇနီးသည်နဲ့ သားသမီးငယ် ၃ ယောက်ကို ပစ်သတ်ကာ သစ်သားအိမ်ကိုပါ မီးရှို့ခဲ့ပြီး သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ဒေသခံတွေက ဇွန် ၉ ရက်နေ့မှာ ပြောပါတယ်။ ပစ်ခတ်သူက အသိအကျွမ်းတယောက်ကို ဖုန်းခေါ်ခဲ့ပြီး မိသားစုနဲ့ သူ့ကိုယ်သူ သတ်ဖို့ စီစဉ်နေတယ်လို့ ပြောခဲ့အပြီး အနာကွန်ဒါ ဒီးယားလော့ခ်ျမြို့နယ် အာဏာပိုင်တွေက ဇွန် ၈ ရက် မနက်က တပ်လှန့်ထားခဲ့တာပါ။ အဲဒီအချိန်မှာပဲ မြို့ပြင် ၁၅ မိုင်လောက်မှာရှိတဲ့ အမျိုးသားသစ်တောထဲက သစ်သားအိမ်ငယ်လေး မီးလောင်နေတာ အာဏာပိုင်တွေ တွေ့ခဲ့ရပြီး မီးခိုးနဲ့ အပူရှိန်ကြောင့် အထဲကို ချက်ချင်း မဝင်နိုင်ခဲ့ဘူးလို့ ဒေသခံ ရဲအုပ် စတိဗ် ဘာကလေက ပြောပါတယ်။ နယ်မြေ ၄ ခုက မီးသတ်ဌာနဆိုင်ရာလူတွေ ရောက်လာပြီး မီးငြှိမ်းခဲ့ရတာပါ။ ဖြစ်စဉ်အတွင်း အသက် ၁ နှစ်၊ ၄ နှစ်နဲ့ ၆ နှစ် အသီးသီးရှိတဲ့ ကလေး ၃ ယောက်နဲ့ အသက် ၃၈ နှစ်အရွယ် ဇနီးသည်တို့ သေဆုံးခဲ့တယ်လို့ သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိက ပြောပါတယ်။ ပစ်ခတ်သူကတော့ အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး လက်ဖဝါးတွင်း ကိုင်တွယ်ပစ်ခတ်ရတဲ့ သေနတ်ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက နာမည်တွေကို ထုတ်ဖော်ကြေညာမှု မလုပ်သေးဘဲ ဆွေမျိုးရင်းချာတွေကို ရှာဖွေရ ခက်ခဲနေတယ်လို့ ရဲတွေကပြောပါတယ်။ ဓားစာခံ သားအမိတွေရဲ့ အလောင်းတွေကိုတော့ ရင်ခွဲစစ်ဆေးဖို့ မစ်ဆောင်လာမြို့က မွန်တာနာပြည်နယ် ရာဇဝတ်မှုဆိုင်ရာ ဓာတ်ခွဲခန်းဆီ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ပို့ဆောင် ခဲ့တယ်လို့ ရဲက ပြောပါတယ်။
6 years Ago
More News
Up