လူသတ်မှု ဖြစ်ပွား

October 27, 2017

ရေးမြို့ ငါးဖမ်းစက်လှေပေါ်တွင် လူသတ်မှု ဖြစ်ပွား

မွန်ပြည်နယ် ရေးမြို့နယ် အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ဝါးကျွန်းအနီးမှာ ရေလုပ်ငန်းရှင် ဦးအေးထွန်းရဲ့ စိန်ပိုက်စက်လှေပေါ်မှာ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။ စိန်ပိုက်စက်လှေပဲ့နင်း ဦးပြုံးချိုပါ ၁၈ ဦးနဲ့ ငါးဖမ်းနေရာက ရေလုပ်သား အောင်အောင်နဲ့ ဇော်ဇော်အောင်တို့ဟာ စက်လှေပေါ်မှာ စကားများရာကနေ အောင်အောင်က ငါးဖမ်းစက်လှေပေါ်ရှိ  ပိုက်ဖာဓားနဲ့ထိုးခဲ့ရာ ဇော်ဇော်အောင် မှာ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ၊ ယာဘက် လက်မောင်းထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမွန်က ပြောပါတယ်။ ရေးမြို့မရဲစခန်းက အောင်အောင် ကို ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး)
3 years Ago

September 23, 2017

ရေးမြို့ ငါးဖမ်းစက်လှေပေါ်တွင် လူသတ်မှု ဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကပ္ပလီပင်လယ်ပြင်၊ ဝါးကျွန်း အနောက်မြောက်ဘက် ရေမိုင် ၄၀ လောက်မှာ စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီက စိန်ပိုက်ငါးဖမ်းစက်လှေမှာ လူသတ် မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။ စက်လှေပေါ်မှ ဒုတိယပဲ့နင်း မင်းမင်းက ရေလုပ်သား ဇော်ကြီး (ခ) မိုးစန်းနဲ့ အဲသာဝ တို့ ၂ ဦးကို ဆဲဆို ကြိမ်းမောင်းရိုက်နှက်တာကို မကျေနပ်လို့ ဇော်ကြီးနဲ့ အဲသာဝ တို့က စက်ခန်းမှာ အသင့်ရှိတဲ့ ငါးခွဲဓားမနဲ့ ခုတ်ခဲ့ရာ မင်းမင်းမှာ ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ အမှုစစ်ရဲအရာရှိက ပြောပါတယ်။ ဇော်ကြီးနဲ့ အဲသာဝတို့ ၂ ဦးမှာ ငါးဖမ်း စက်လှေမောင်းပြေးခဲ့ပေမယ့် ရေလုပ်သား ရဲကျော်က ငါးဖမ်းစက်လှေပိုင်ရှင် ဒေါ်မြင့်မြင့်မော် ဆီကို စက်တင်ဘာ ၂၂ ရက် မနက် ၈ နာရီက ဆက်သွယ်အကြောင်းကြားခဲ့ရာ  ရဲတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရဲစခန်းတွေနဲ့ ချိတ်ဆက်ရာ စက်စဲရဲစခန်းမှာ လှေတစ်စီးနဲ့အတူ လှေသားတွေကို မသင်္ကာလို့ ဖမ်းဆီးခဲ့တယ်လို့ မြို့မရဲစခန်းထံက သိရပါတယ်။ ရေးမြို့မရဲစခန်းက ဇော်ကြီးနဲ့ အဲသာဝတို့ ၂ ဦး ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ နေမျိုးထွဋ်(ရေး)
4 years Ago
Up