အမေရိကန်ပြည်ထောင်စုက ချီကာဂိုမြို့ဟာ ပြီးခဲ့တဲ့နှစ်က လူသတ်မှုအများဆုံးနှစ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း လူသတ်မှုအများဆုံး ဖြစ်ပွာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က လူသတ်မှု ၇၆၂ လူသတ်မှု ရှိခဲ့တယ်လို့ ချီကာဂိုရဲတပ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နယူးယောက်မြို့နဲ့ လော့အိန်ဂျလိဒ်မြို့ ၂ မြို့ပေါင်း လူသတ်မှုထက်တောင် ပိုများပါတယ်။
၂၀၁၅ ခုနှစ်ကတော့ လူသတ်မှု ၄၈၅ မှုဖြစ်ခဲ့တဲ့အတွက် ၅၇ ရာခိုင်နှုန်း တိုးမြင့်လာတာလည်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ သေနတ်ပစ်ခတ်မှုတွေလည်း အရင်တနှစ်ကထက် ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၅၅၀ မှု ဖြစ်ပွားခဲ့တယ်လို့ ချီကာဂိုရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တရားမ၀င်လက်နက်မှု ဖမ်းဆီးရမှုဟာလည်း ၂၀၁၅ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။
အခု လူသတ်မှုနဲ့ ပစ်ခတ်မှုတွေ အများဆုံး ဖြစ်ခဲ့တဲ့မြို့နယ်တွေဟာ ချီကာဂိုမြို့ရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာ ဖြစ်ပြီး ဆင်းရဲတဲ့ အမေရိကန်လူနည်းစုတွေ နေထိုင်ကြတဲ့မြို့နယ်တွေလည်း ဖြစ်ပါတယ်။
အီလီနွိုက်ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် အတင်းကျပ်ဆုံးပြည်နယ်တခု ဖြစ်ပေမယ့်လည်း သေနတ်ပစ်ခတ်မှုတွေနဲ့ လူသတ်မှုတွေ အများဆုံးပြည်နယ်ဖြစ်နေတာပါ။
6 years Ago