လူသတ်မှုဖြစ်

March 1, 2018

မိတ္ထီလာတွင် ယောက္ခမနှင့်သမက် စကားများရာမှ လူသတ်မှုဖြစ်

မိတ္ထီလာမြို့နယ်၊ မွေရွာမှာ ဖေဖော်ဝါရီ ၂၈ ရက်က ယောက္ခမနဲ့သမက် စကားများရာကနေ သမက်က တုတ်နဲ့ ရိုက်လိုက်ရာ ယောက္ခမဖြစ်သူ သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ မိတ္ထီလာမြို့နယ် မွေရွာနေ အသက် ၆၀ နှစ်ရှိ ဒေါ်ညွန့်ရီဟာ ရွာရဲ့အရှေ့မြောက်ဘက် ၃ ဖာလုံအကွာက လယ်တောထဲမှာနေတဲ့ သမက်ဖြစ်သူ အသက် ၃၄ နှစ်ရှိ ရဲထွန်းသန့်နဲ့ သမီးဖြစ်သူ မမိုးဆွေ(ခ)မသန်းသန်းဆင့်တို့ဆီ သွားပြီး ‎စကားများကြရာက ရဲထွန်းသန့်က အရှည် ၂ ပေ ၈ လက်မ လုံးပတ် ၄ လက်မရှိတဲ့ ဝါးဆစ်ပိတ်တုတ်နဲ့ ဦးခေါင်းကို ရိုက်လိုက်လို့ မိတ္ထီလာဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားခဲ့ပါတယ်။ မိတ္ထီလာမြို့မရဲစခန်းစခန်မှူး ဒုရဲမှူးကျော်ထင်က “ရဲထွန်းသန့်နဲ့ ဒေါ်ညွန့်ရီတို့ ယာထွက်သီးနှံနဲ့ နေအိမ်တို့ရဲ့ ငွေကြေးအရှုပ်အရှင်း စကားများရာက ရဲထွန်းသန့်က ဒေါ်ညွန့်ရီကို ရိုက်လိုက်တာပါ။ မိတ္ထီလာဆေးရုံမှာ ဆေးကုနေတုန်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက ရဲထွန်းသန့်ကို  လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

December 11, 2017

မြောင်းမြတွင် လင်မယားချင်းစကားများပြီး ၃ လောင်းပြိုင် လူသတ်မှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက လင်မယားနှစ်ယောက် ကွမ်းရွက်ရွေးရာမှ စကားများပြီး ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တောင်ကလေးကျေးရွာက နေအိမ်မှာ လင်မယားနှစ်ယောက် ညနေ ၃ နာရီခွဲလောက်က စကားများပြီး သန်းဇော်က ဇနီးဖြစ်သူ မတင်တင်ဆန်းကို ဓားနဲ့ခုတ်သတ်ချိန်မှာ ခြံဝန်းတခုတည်း အတူနေတဲ့ ၀င်ပြီးဖျန်ဖြေသူ ယောက္ခမ ဒေါ်ခင်ရီ ၆၀ နှစ်နဲ့ တူဖြစ်သူ မောင်လင်းလင်းထိုက် ၁၀ နှစ်တို့ကို ဓားနဲ့ ထပ်မံခုတ်သတ်ခဲ့ကြောင်း၊ ခယ်မဖြစ်သူ မစန္ဒာဦးကတော့ ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောါပတယ်။ “သူတို့နေတာက တောင်ကလေးရွာနဲ့ ခပ်လှမ်းလှမ်းက ခြံထဲမှာ၊ အိမ် ၃ အိမ်ထဲ ဆွေမျိုး တွေ စုနေသလိုမျိုးနေတာ။ ဒီဘက်အိမ်က သမီးဖြစ်သူ အော်ခေါ်သံကြားတော့ ဘေးနားအိမ်တွေ က မိဘတွေနဲ့ ညီအစ်ကိုမောင်နှစ်မတွေက ဝင်ဆွဲတာမှာ ထပ်ခုတ်ပြီး ထွက်ပြေးသွားတာပါ။ ထွက်ပြေးသွားတဲ့ သန်းဇော်ကိုတော့ အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှုးကြီး ခင်မောင်လတ်က ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်၊ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး၊ မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မြောင်းမြ မြို့မရဲစခန်းမှူးတို့က သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မြောင်းမြမြို့မရဲစခန်းက သန်းဇော် (၄၅ နှစ်) ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(က) ၃၂၆ တို့နဲ့ အမှုဖွင့်လှစ်ပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
More News
Up