လူသတ်မီးရှို့အလောင်းဖျောက်ဖျက်မှုဖြင့် ရွာသားများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

June 25, 2018

လူသတ်မီးရှို့အလောင်းဖျောက်ဖျက်မှုဖြင့် ရွာသားများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

ရှမ်းပြည်​​မြောက်​ပိုင်း​၊ နောင်​ချိုမြို့နယ်​၊ ​ရွှေ​ညောင်​ပင်​ရွာ အားမာန်​စိုက်​ပျိုး​ရေးခြံ ကြီးကြပ်​​ရေးမှူး ဦး​ငွေစိုး(ခ)ဦးဇင်းကို လူသတ်​မီးရှို့အ​လောင်း ​ဖျောက်​ဖျက်​ခဲ့မှုနဲ့ တရားစွဲခံထားရတဲ့ ရွာသား ၆ ဦးရဲ့အမှုကို ​ကျောက်မဲခရိုင် တရားရုံးက ဇွန်လ ၂၅ရက်မှာ  စီရင်ချက် ချမှတ်​လိုက်​ပါတယ်​။ ​နောင်​ချိုမြို့်​နယ်​၊ ကုန်းသာ​ကျေးရွာအုပ်​စု လွယ်​​တောင်း​ကျေးရွာ​နေ သြ​ဇေယျ(ခ) စိုင်း​အောင်​ကျန်​ကို ပုဒ်​မ ၃၀၂/၂(၁၁၄)အရ အလုပ်​ကြမ်းနဲ့​ ထောင်​ဒဏ်​နှစ်​ (၂၀)၊ ထွန်းဦးကို ပုဒ်​မ ၃၀၂(၂)/၂ (၁၁၄)အရ အလုပ်​ကြမ်းနဲ့​ ထောင်​ဒဏ်​(၂၀) ပုဒ်​မ ၂၀၁ ဒုတိယ အပိုဒ်​အရ အလုပ်​နဲ့​ထောင်​ဒဏ်​ (၃) နှစ်​ သီးခြားစီကျခံ​စေ ဖြစ်တဲ့အတွက်​​​ စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ​ကျောက်​မဲခရိုင်​ တရားရုံးသတင်းပြန်​ကြား​ရေးခရိုင်​ တရားသူကြီး ​ဒေါ်​မေမီဝင်း​ရွှေက​ “အိုက်​လူး (ခ) စိုင်းစိုးသန်းလေး တရားခံအိုက်​တူ(ခ)စိုင်း​ဇော်​မင်း(ခ)ထွန်း​အောင်​နဲ့   ​ကျော်​​ဆွေ (ခ) ဖိုးလုံးတို့ ၃ ဦးကို ရာဇသတ်​ကြီးပုဒ်​မ ၃၀၄(၂)/၁၁၄အရ အလုပ်​ကြမ်းနဲ့​ ထောင်​ဒဏ်​ (၁၀)နှစ်​ဆီ ပုဒ်​မ ၂၀၁ ဒုတိယပိုဒ်​အရ အလုပ်​နဲ့​ထောင်​ဒဏ်​ ၃နှစ်​စီ ပြစ်​ဒဏ်​ ကျခံ​စေဆို​တော့ ​ပေါင်း ၁၃နှစ်​ကျခံရမှာဖြစ်​ပြီး နှစ်​တရားခံဖြစ်​တဲ့​ မောင်​ဝင်းနိုင်​ (ခ) ရှမ်းကြီးကို ပြစ်​မှုကျူးလွန်​​ကြောင်း မထင်​ရှားတဲ့အတွက်​ ရာဇဝတ်မှုကျင့်ထုံး ဥပ​ဒေ ပုဒ်​မ ၂၅၈ (၁) အရ အမှုက​နေ အပြီးအပြတ်​လွှတ်​လိုက်​တယ်​”လို့ ပြောပါတယ်​။ ၂၀၁၇ မေ ၂၄ရက်က နောင်​ချိုမြို့နယ် ​ကုန်းသာအုပ်​စု၊ ​ရွှေ​ညောင်​ပင်​​ကျေးရွာရှိ အားမာန်​စိုက်​ပျိုး​ရေးရုံးက ကြီးကြပ်​​ရေးမှူး ဦး​ငွေစိုးကို ကုန်းသာအုပ်​စု၊ လွယ်​​တောင်​​ရွာ​သား ဦးသြ​ဇေယျနဲ့ အ​ပေါင်းအပါ ၅ ဦးတို့က ဖမ်းဆီး​ခေါ်​ဆောင်​ပြီး မီးရှို့သတ်​ခဲ့တယ်ဆိုပြီး အားမာန်​စိုက်​ကွင်းမန်​​နေဂျာ ဦးမြင့်​​ကျော်​က ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၃ရက် ကတည်းက တရားလို အဖြစ် တရားစွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ ဦးသြ​ဇေယျ၊ ဦးဝင်းနိုင်​(ခ)ရှမ်းကြီး၊ ဦးစိုင်း​အောင်​ကျန်​၊ ဦးအိုက်​လူ (ခ)အိုက်​ပီး၊ ဦးထွန်းဦး၊ ဦး​ကျော်​​ဆွေတို့ ၆ဦးကို ရာဇဝတ်​ကြီး အမှုအမှတ်​ ၃၆၄ လူသတ်မှု ပုဒ်မ ၃၀၂/၃၄၊ အားပေးကူညီမှုပုဒ်မ ၁၁၄/၂၀၀တို့နဲ့ ​ကျောက်​မဲမြို့နယ် ​ခရိုင်​တရားရုံးကတရားလို တရားခံ​တွေကို စွဲချက်​တင်​ကြားနားကာ အပြီးသတ်​အမိန့်​ချနိုင်​ဖို့ ဇွန်​လ ၂၅ရက်​​နေ့ကို ချိန်းဆိုကာအမိန့်​ချမှတ်​ခဲ့ပါတယ်​။ တရားလို ဦးမြင့်​​ကျော်​ကတော့ “ဦး​ငွေစိုးကို ဖမ်းဆီး​ခေါ်​ဆောင်​ပြီး မီးရို့သတ်​ခဲ့တဲ့ တရားခံ​တွေကို ထိုက်​သင့်တဲ့ ပြစ်​ဒဏ်​​တွေချမှတ်​ ​ပေး​ခဲ့တာကို​ကျေနပ်​မှုရှိခဲ့​ပေမဲ့ တရားလိုဖြစ်​သူ ဦးမြင့်ကျော်​ရဲ့မျက်​​မှောက်​​ရှေ့မှာ အမိန့်​ချသင့်​သလို ပြစ်​မူကျူးလွန်​သူထဲမှာ ပါဝင်​ပတ်​သက်​ခဲ့တဲ့ ကိုဝင်းနိုင်​ကို အပြီးလွှတ်​​ပေးလိုက်​တာကို လုံးဝ ​ကျေနပ်​မူမရှိဘူး”လို့ ​ပြောပါတယ်​။ ဦးသြ​ဇေယျနဲ့အတူ တရားစွဲခံထားရသူတွေဟာ၂၀၁၇ ခုနှစ်​အတွင်းမှာ ​ရွှေ​ကောင်းကင်​ စိုက်​ပျိုး​ရေးခြံ၊ ​ရွှေပြည်​​အောင်​ စိုက်​ပျိုး​ရေးခြံ၊ ​တောင်​သူဦး​အောင်​သိန်းခြံ၊ ဦးစိုင်းထွန်း ​စိုက်​ပျိုး​ရေး ခြံနဲ့အတူ အားမာန်​စိုက်​ပျိုး​ရေးပိုင်​ ကြံစိုက်​ခင်းတွေကို အကြိမ်ကြိမ်​ မီးရှိုဖျက်​ဆီးခဲ့တာ​ကြောင့် တရားစွဲခံခဲ့ရသလို  အားမာန်​စိုက်​ကွင်းထဲ မကျူး​ကျော်​ရဆိုင်းဘုတ်​တွေ အတင်းဝင်​​ရောက်​ ကျူး​ကျော်​စိုက်​ထူပြီး မီးရှို့လူသတ်​ခဲ့တဲ့အတွက်​ ဥပ​ဒေနဲ့အညီ အပြစ်​​ပေးခံခဲ့ရတာဖြစ်ပါတယ်​။
3 years Ago
Up