သုတေသနပညာရှင်တွေဟာ အာဖရိက လူသတ်ပျားလို့ နာမည်ရတဲ့ အဆိပ်ပြင်း ပျားတွေကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဆန်ဖရန်စစ္စကို ပင်လယ်အော်ဝန်းကျင်မှာ ပထမဆုံးအကြိမ် ရှာတွေ့ခဲ့ပါတယ်။
ဇီဝဗေဒပညာရှင်တွေက ဒေသခံတွေ ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြဖို့ အကြံပြုထားပါတယ်။
အဆိပ်ပြင်းပျားတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းကို ပြောင်းရွှေ့လာအပြီး ဗာကာဗေလီ၊ မာတီနက်ဇ်နဲ့ လာဖာယတ်မြို့တွေ အပါအဝင် ပင်လယ်အော်ဒေသ အစိတ်အပိုင်းတွေမှာ သူတို့ကို တွေ့ခဲ့တာပါ။
လာဖာယတ်မြို့က နန်စီ ဒီးလ်ကတော့ မြေးတွေ အနားမှာရှိလို့ ပျားအုံနဲ့တူတာတွေ့ရင် တယောက်ယောက်ကို ချက်ချင်း အကြောင်းကြားမယ်လို့ ပြောပါတယ်။
ဇီဝဗေဒ ပညာရှင်တွေကတော့ အာဖရိကပျားတွေဟာ တခြား ဥရောပပျားတွေထက် ပိုပြီး ရန်မလိုဘူးလို့ ယေဘုယျအားဖြင့် စဉ်းစားထားပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ပျားအုံကို ခြိမ်းခြောက်လာပြီဆိုရင်တော့ အင်မတန် ရန်လိုပြီး ပျားအုံကို ကာကွယ်တတ်ပါတယ်။
ပညာရှင်တွေကတော့ ဒီပျားမျိုးဟာ တခြား ပျားရည်ထုတ်တဲ့ ပျားမျိုးတွေနဲ့စာရင် ပိုပြီး မရမနေ ဇွဲကြီးတတ်လို့ တကယ်လို့ ပျားတွေလိုက်တာ ခံရရင် လူတွေဟာ ပြေးပြီးရင်း ပြေးသင့်တယ်လို့ ပြောပါတယ်။
5 years Ago