လူဝီစီယားနားပြည်နယ်

A d v e r t i s e m e n t With Us

July 12, 2019

အမေရိကန်တွင် ကြီးမားသည့် ရေဆင်နှာမောင်း ဖြစ်ပေါ်နေသည့် ရုပ်သံဖိုင် ပျံ့နှံ့

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူးအော်လင်းမြို့က ပန်ချက်ထရိန်းရေကန်မှာ ဇူလိုင် ၁၀ ရက်နေ့က ကြီးမားတဲ့ ရေဆင်းနှာမောင်းတခု ဖြစ်ပေါ်နေတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အပူပိုင်းမုန်တိုင်း ဘယ်ရီဟာ နယူးအော်လင်းမြို့ကို ချဉ်းကပ်လာချိန် ဇူလိုင် ၁၁ ရက်နေ့မှာ မြို့ခံတချို့ဟာ ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီမုန်တိုင်းဟာ ဇူလိုင် ၁၃ ရက် မနက်အစောပိုင်းမှာ နယူးအော်လင်းမြို့ကို ကုန်းတွင်းပိုင်း ဝင်ရောက်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကြောင့် မိုးများပြီး ရေကြီးနိုင်တဲ့ သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။ မုန်တိုင်း ဘယ်ရီဟာ ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။ မုန်တိုင်းဝင်ရောက်ချိန် လူဝီစီယားနားပြည်နယ် ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၆ ပေအထိ မြင့်တက်နိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ထုတ်ပြန်ထားပါတယ်။
2 years Ago
Up