လူဝီစီယားနားတွင် မုန်တိုင်းကြောင့် ရွှေ့ပြောင်းနိုင်သည့်အိမ်တလုံးပြိုကျ၊ သားအမိ ၂ ဦး သေဆုံး

April 3, 2017

လူဝီစီယားနားတွင် မုန်တိုင်းကြောင့် ရွှေ့ပြောင်းနိုင်သည့်အိမ်တလုံးပြိုကျ၊ သားအမိ ၂ ဦး သေဆုံး

ဧပြီ ၂ ရက်နေ့က လူဝီစီယားနားပြည်နယ်တောင်ပိုင်း ဘရိုးဘရစ်ဂ်ျ (Breaux Bridge) မြို့မှာ မုန်တိုင်းဒဏ်ကြောင့် ရွှေ့ပြောင်းနိုင်တဲ့အိမ်တလုံး ပြိုကျပျက်စီးခဲ့ပြီး ၃ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ၃၈ နှစ်အရွယ် အမေဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။ မိုးလေဝသဌာနကလည်း လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ပင်လယ်ကွေ့ကမ်းခြေမှာ မိုးသီးကြွေခြင်းတွေ ဖြစ်နိုင်တယ်လို့ ကြေညာထားပါတယ်။ စိန့်မာတင်ရဲဌာနရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာထဲ တင်ထားတဲ့ ဗွီဒီယိုမှာ ပျက်စီးသွားတဲ့ အိမ်ရဲ့ အပျက်အစီးတွေကို မြင်ရပါတယ်။ အနီးအနားမှာရှိတဲ့ တခြားအိမ်တွေကတော့ အပျက်အစီးမရှိဘူးလို့ သိရပါတယ်။ လူဝီစီယားနားပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ကြေညာထားပြီး အရပ်သားတွေကို သတိနဲ့နေကြဖို့ အသိပေးထားတယ်လို့ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
4 years Ago
Up