အမေရိကန် ပင်လယ်ကွေ့ ကုန်းတွင်းပိုင်းကို ၂၀၂၀ ပြည့်နှစ်အတွင်း တတိယမြောက် ဟာရီကိန်း ဇီတာ အောက်တိုဘာ ၂၈ ရက် အစောပိုင်းက ဝင်ရောက်ခဲ့ပါတယ်။
မုန်တိုင်းအဆင့် သတ်မှတ်ချက် ၂ ရှိတဲ့ ဇီတာဟာ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၁၀ နဲ့ လူဝီစီယားနားပြည်နယ်ကို ဝင်ခဲ့တာပါ။
နယူးအော်လင်းပြည်နယ်မှာတော့ ဟာရီကိန်းကြောင့် မိုးကြီးခဲ့ပြီး လေပြင်းတွေကြောင့် သစ်ပင်တွေ လဲပြိုခဲ့ပါတယ်။
အခုအခါမှာတော့ ဇီတာဟာ မစ္စစ္စပီပြည်နယ် ဟေတီဘာ့ဂ် အရှေ့မြောက်ဘက် ၄၅ မိုင် အကွာမှာ ရှိပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၈၀ ရှိတယ်လို့ မိုင်ယာမီ အခြေစိုက် မိုးလေဝသဌာနက ဆိုပါတယ်။
ဇီတာဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားမယ်လို့ အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာက အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
4 months Ago